Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်တထောင်မြို့နယ်တွင် ​လေဆင်နှာ​မောင်းတိုက်၊ကွန်တိန်နာယာဥ်အချို့ပျက်စီး

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေဆင်နှာမောင်းတိုက်၍ ကွန်တိန်နာယာဥ်အချို့တိမ်မှောက်ပျက်စီးခဲ့သည်။

ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ​လေဆင်နှာ​မောင်းတိုက်ခတ်အပြီးမြင်ကွင်း။ဓါတ်ပုံ-CJ

ဇူလိုင် – ၂၄ ၊၂၀၂၅။ရဲခေါင်/People’s Spring

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေဆင်နှာမောင်းတိုက်၍ ကွန်တိန်နာယာဥ်အချို့တိမ်မှောက်ပျက်စီးခဲ့သည်။

“လေးငါးမိနစ်လောက်ပဲကြာတယ်။ဘယ်လောက် ပြင်းလဲဆိုတော့ ကွန်တိန်နာတင်ထားတဲ့ကားတွေတောင်မှောက်တယ်။နေရာရွေ့တဲ့ကွန်တိန်နာဘောက်စ်တွေဆိုလည်း ၁၀ လုံးလောက်ရှိတယ်”ဟုမျက်မြင် ကြုံတွေ့ခဲ့ရသူတစ်ဦးကလူထုနွေဦးသို့ပြောသည်။

ဖြစ်စဥ်တွင်လူထိခိုက်မှုမရှိခဲ့ကြောင်း အထက်ပါ​ဒေသခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ယနေ့ နံနက်ပိုင်းဗိုလ်တထောင်ကမ်းနားမှ ဒလမြို့နယ် သမတ္တကမ်းခြေသို့ ကူးသည့် စက်လှေတစ်စီးမှောက်၍ ပျောက်ဆုံးသူအချို့ရှိကြောင်း သိရသည်။သို့သော် လူထုနွေဦးအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

သန်လျင်၊ဒဂုံဆိပ်ကမ်း၊သာကေတ၊မဂ်လာဒုံနှင့်ရန်ကင်းမြို့နယ်တို့တွင်လည်း ယနေ့ နံနက်ပိုင်းလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးအချို့လဲကျ မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။သို့​သော် ဗိုလ်တထောင်မြို့နယ်တွင်​လေဆင်နှာ​မောင်းတိုက်ခိုက်ခြင်းကိုမူမ​ဖော်ပြထား​သေး​ပေ။

တောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ( Wipha) အရှိန်နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများစုတွင် ယခုရက်ပိုင်းမိုးကြီးနိုင်သည့်အပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ် တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန် ကြီးဌာန (MOHADM)ကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်ဆိပ်ကမ်း၌ ဇူလိုင် ၂၃ရက်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့်သဗ္ဗာန်နစ်မြုပ်သည့်ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူ သုံးဦးအနက် နှစ်ဦး၏ ရုပ်အလောင်း ပြန်တွေ့ထားသည်။

သတင်း

ရန်ကုန်မြို့၌ ယနေ့(ဇူလိုင်၂၄ရက်)နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအရှိန်ကြောင့် ဗိုလ်တထောင်မှ ဒလမြို့သို့ပြေးဆွဲသည့် သဗ္ဗာန်ယာဉ်တိမ်းမှောက်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လေးအိမ်စုရွာတွင် ယနေ့ (မေလ ၁၇ရက်) နံနက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း မြို့ခံများထံမှသတင်းရရှိသည်။