Connect with us

Hi, what are you looking for?

သတင်း

KNU သထုံခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံ(ဒူးသထူ)ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ (၁၅)နှစ်အရွယ်ကလေးငယ်၂ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇူလိုင်၂၇ရက်)တွင် ထုတ်ပြန်သည်။

သထုံခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဇူလိုင်-၂၇၊ ၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံ(ဒူးသထူ)ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ (၁၅)နှစ်အရွယ်ကလေးငယ်၂ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇူလိုင်၂၇ရက်)တွင် ထုတ်ပြန်သည်။

ဇူလိုင်၁၇ရက်မှ၂၃ရက်အထိစစ်ကောင်စီကသထုံခရိုင်အတွင်း လက်နက် ကြီး၊ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အမှတ်(၃၁၀)အမြောက်တပ်က ဇူလိုင် ၁၇ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျိုက်ထိုမြို့နယ် သုံးခွရွာနေ (၁၅)နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ရဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၃ရက်ကလည်း ရန်ကုန်- မော်လမြိုင် လမ်းမ လမ်းလုံခြုံရေး လှုပ်ရှားတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျိုက်ထိုမြို့နယ် အလူးလေးအရှေ့ရွာနေ (၁၅)နှစ်အရွယ် ကလေးငယ် လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဘီးလင်းမြို့နယ် ရွှေကြည်ရွာ၊ နောင်ကတုတ်ရွာ၊ ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီးရွာတို့ကိုလည်း လေကြောင်း၊ လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့၍ ပြည်သူလူထုနေအိမ်ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ဟု အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲအရပ်သားပြည်သူနေထိုင်သည့်ရွာသို့ လက်နက် ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၀ရက်ကလည်း ဘီးလင်းမြို့နယ် မင်းစောရွာစာသင်ကျောင်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

KNUတပ်မဟာ(၁)နယ်မြေသထုံခရိုင်အတွင်းရှိ စစ်ကောင်စီ လက်အောက် ခံတပ်များသည် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထု ရှိရာ နေရာများသို့ မကြာ ခဏ လက်နက်ကြီး ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများလည်းရှိပြီး အရပ်သား ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကျုးလွန်လျက်ရှိကြောင်း KNU တပ်မဟာ(၁)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။