Connect with us

Hi, what are you looking for?

သတင်း

“ဝ”ဒေသ၊ပန်ဆန်းမြို့မှသစ်ဂိုထောင်မီးလောင်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆန်းမြို့က ဂိုထောင်တစ်ခု ယနေ့မီးလောင်ကျွမ်းခဲ့သည်။

သစ်ဂို​ဒေါင် မီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ

ဇူလိုင်-၂၇၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆန်းမြို့က ဂိုထောင်တစ်ခု ယနေ့မီးလောင်ကျွမ်းခဲ့သည်။

ပန်ဆန်းမြို့အဝင် အဝိုင်းပတ်နှင့် နှစ်မိုင်ခန့်အကွာမှ သစ်ဂိုထောင်တစ်ခုသည် ဇူလိုင်၂၇ ရက် နံနက် ၁၁ နာရီခန့်မှစ၍ မီးလောင်ခဲ့ပြီး နေ့လယ် ၁နာရီခန့်အထိ မငြိမ်းသေးကြောင်း ‌ဒေသခံတစ်ဦးကပြော

သည်။

Public Service Announcement

Public Service Announcement

“မီးလောင်တာက ဂိုထောင်အရမ်းကြီးတယ်။သစ်တွေ လှောင်ထားတာ။ မီးအားက အရမ်းပြင်းပြီး ကားတွေအများကြီးနဲ့ဝိုင်းငြှိမ်းနေကြတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

မီးလောင်ကျွမ်းသည့် ဂိုထောင်အနီးပတ်ဝန်းကျင်တွင်စျေးဆိုင်တန်းများရှိနေပြီးလူစည်ကားသည့်နေရာဖြစ်သည်ဟုသတင်းရရှိသည်။မီးလောင်မှုနှင့်ပတ်သက်၍ ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်

မတော်(UWSA)က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုင်းပေါက်မြို့တွင်လည်း ဇူလိုင်လ ၂၁ရက်က မိုးသည်းထန်ပြီးနောက်တောင်ကျရေတိုက်စားပြီး ဆိုးရွားသည့်ရေဘေး ကြုံတွေ့ခဲဲ့သည်။ အဆိုပါရေဘေးတွင် ကယ်ဆယ်ရေးသမား ရဲအရာရှိတစ်ဦးအပါအဝင် သေဆုံးသူ သုံးဦးထက်မနည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။