Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကအစိုးရအဖွဲ့သစ်စာရင်းထုတ်ပြန်ရာမှာပညာရေးဝန်ကြီး ဌာန ကျန်နေလို့ ထပ်ဖြည့်ရ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ယာယီသမ္မတရာထူးဆက်ယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့သစ်စာရင်းထုတ်ပြန်ရာမှာ ပညာရေးဝန်ကြီးဌာန ကျန်နေခဲ့လို့ ဖြည့်စွက်ဖွဲ့စည်းတဲ့ ထုတ်ပြန်စာထပ်မံထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ​၏ ပညာရေးဝန်ကြီးသစ် ဒေါက်တာချောချောစိန်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင် – ၃၁ရက်၊ ၂၀၂၅/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ယာယီသမ္မတရာထူးဆက်ယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့သစ်စာရင်းထုတ်ပြန်ရာမှာ ပညာရေးဝန်ကြီးဌာန ကျန်နေခဲ့လို့ ဖြည့်စွက်ဖွဲ့စည်းတဲ့ ထုတ်ပြန်စာထပ်မံထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြာရေးမှူးချုပ်တာဝန် ထမ်းဆောင်နေသူ ဒေါက်တာချောချောစိန်ကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် (နလအ)ဆိုတဲ့အမည်နဲ့ ဒီနေ့ ဇူလိုင် ၃၁ ရက်မှာ ပြောင်းလဲ ဖွဲ့စည်းလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက အသစ်ပြောင်းလဲဖွဲ့စည်းတဲ့ အဖွဲ့အစည်းရဲ့ ဦးတည် ချက် (၄)ရပ်ကို ထုတ်ပြန်ထားရာ နံပတ်(၃)အချက်မှာ အမျိုးသားပညာရေးကဏ္ဍကို အလေးထားမြှင့်တင်ရေးဆိုတဲ့အချက် ထည့်သွင်းထားပေမယ့် အဓိကကျတဲ့ ပညာရေးဝန်ကြီးဌာနကိုတော့ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန ကျန်နေခဲ့တဲ့အပေါ် ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေဖြစ်ခဲ့ရာက နာရီပိုင်းအကြာမှ ဖြည့်စွက်ဖွဲ့စည်းခြင်းဆိုပြီး ထပ်မံထုတ်ပြန်လာတာ ဖြစ်ပါတယ်။

“နလအ” အဖွဲ့ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမှာဖြစ်ပြီး အဲဒီအဖွဲ့ ကိုလည်း သူ့ကိုယ်တိုင် လက်မှတ်ရေးထိုး ဖွဲ့စည်းလိုက်တာပါ။

အဖွဲ့ထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ တပ်ချုပ် ၊ ဒုတပ်ချုပ် ၊ ညှိကွပ် ၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ၊ကာကွယ်ရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီးတွေ ပါဝင်ကြပါတယ်။

အဲဒီအဖွဲ့ဟာ နိုင်ငံရဲ့ကာကွယ်ရေး ၊ လုံခြုံရေး ၊ အေးချမ်းသာယာရေး နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် လမ်းညွှန်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတဲ့ ရာထူးကိုတော့ သူရဲ့ လက်ရုံးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးညိုစောဆီ လက်လွှဲပေးလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ခုနှစ်၊ တော်လှန်ရေးကာလအတွင်း အခြေခံပညာရေးကဏ္ဍဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများသို့ အသိပေးတိုက်တွန်း နှိုးဆော်ချက်ထုတ် ပြန်ရာ ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပညာရေးဝန်ကြီးဌာနတို့က ပူးတွဲကြေညာချက််ထုတ်ပြန်ခြင်းဖြစ်သည်။