Connect with us

Hi, what are you looking for?

သတင်း

ယူအေအီး နှင့် တောင်ကိုရီးယားတွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ် အကြိုလှုပ်ရှားမှုပြုလုပ်

Screenshot

သြဂုတ် ၃၊၂၀၂၅။ သုည/People’s Spring

ယူအေအီး နှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများစုပေါင်း၍မကြာခင်ရောက်လာတော့မည့်(၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်ကို ယနေ့ ပြုလုပ်ခဲ့သည်။

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ အထင်ကရနေရာများတွင် ယူ​အေအီးနိုင်ငံရောက်မြန်မာနိုင်ငံသားများ စုပေါင်းပါဝင်ကာ (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများကိုင်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ရှစ်​​လေးလုံး ထီးသပိတ်ကို အသိအမှတ်ပြု ပါဝင်ခဲ့သည်။

အလားတူ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့​တွင်လည်း မြန်မာနိုင်ငံသားများက ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်အကြို လှုပ်ရှားမှုအဖြစ် (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

Public Service Announcement

Public Service Announcement

(၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားသည်။

ရန်ကုန် လူထုသပိတ်အနေဖြင့်ရှစ်လေးလုံးအထိမ်းအမှတ် ၈ သင်္ကေတရိုက်နှိပ်ထားသည့် ထီးများကို ရောင်းချထားသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဆိုပါထီးများအပါအဝင် ၈ ဂဏန်းနှင့် သက်ဆိုင်သည့်အရာများဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ရန် ဩဂုတ် ၁ရက်တွင် နှိုးဆော်ထားသည်။

https://www.facebook.com/LuduNwayOo/videos/1827758644808950

ရုပ်သံ – ရန်ကုန်လူထုသပိတ်

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။