Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းမှုကူညီခဲ့​သောဦးမြင့်​ဆွေ၏ ကျန်းမာ​ရေးအထူးစိုးရိမ်ဖွယ်အ​ခြေအ​နေဟု စစ်​ကောင်စီထုတ်ပြန်

စစ်တပ်အာဏာသိမ်းရာတွင် ကူညီခဲ့​သော စစ်​ကောင်စီ၏ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်နေရ​ကြောင်းယနေ့ညနေပိုင်းတွင် သတင်း ထုတ်ပြန်သည်။

၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းစဥ် ဦးမြင့်​ဆွေက အာဏာအရပ်ရပ်ကို အာဏာသိမ်း​ခေါင်း​ဆောင်ထံလွှဲအပ်​ကြောင်းဖတ်ကြားခဲ့စဥ်။ ဓါတ်ပုံ-MRTV Screengrab

သြဂုတ်-၅ ၊ ၂၀၂၅။တာရာ/People’s Spring

စစ်တပ်အာဏာသိမ်းရာတွင် ကူညီခဲ့​သော စစ်​ကောင်စီ၏ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်နေရ​ကြောင်းယနေ့ညနေပိုင်းတွင် သတင်း ထုတ်ပြန်သည်။

ထို့ကြောင့်အမှတ်၂တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ အထူးကြပ်မတ်ကုသဆောင်တွင် ကုသနေရ ကြောင်းဖော်ပြသည်။

ဦးမြင့်​ဆွေသည် စစ်တပ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအထိတာဝန်ထမ်း​ဆောင်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ၊စစ်တပ်က​ရွေးချယ်​ခန့်အပ်​သော ဒုတိယသမ္မတတာဝန်များထမ်း​ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းရာတွင် အာဏာသိမ်းစစ်အုပ်စုကဦးမြင့်​ဆွေအား ယာယီသမ္မတဟုသုံးနှုန်းကာ ၎င်းကအာဏာသိမ်း​ခေါင်း​ဆောင်ထံ အာဏာအရပ်ရပ်လွှဲ​ပေးသည်ဆိုကာ စစ်အုပ်စုအာဏာသိမ်းမှုကို ကူညီခဲ့သူဖြစ်သည်။

ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်ကစ၍ လှုပ်ရှားမှုနှေးကွေးခြင်း၊အစာအာဟာရစားသုံးနိုင်မှု နည်းပါးခြင်းကြောင့် ဆေးကုသခဲ့သည်။ထို့နောက် ၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံဆေးရုံ နှင့် တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံတို့၌ ဆက်လက်ကုသမှုခံယူခဲ့သည့်အပြင် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးစီးသည့် အထူးကုသရေး အဖွဲ့ဖြင့် ကုသခဲ့သော်လည်း တိုးတက်ကောင်းမွန် ခြင်းမရှိဟု ဆိုသည်။

သို့​သော် ဦးမြင်​​​ဆွေ ၏ကျန်းမာ​ရေးတိုးတက်​ကောင်းမွန်လာခြင်းမရှိ၍ ၂၀၂၄ ဇူလိုင် ၁၈ ရက်မှစကာ​နေအိမ်၌​ဆေးခွင့်ဖြင့်​ဆေးကုသမှုခံယူခဲ့သည်ဟု​​ဖော်ပြသည်။

သို့​သော်ယခုနှစ် ဇူလိုင်လအတွင်း ကိုယ်အလေးချိန်လျော့ကျခြင်း၊အစားမစားနိုင်ခြင်း၊အဖျားတက်ခြင်း နှင့် ဦးနှောက်နိုးကြားမှုလျော့နည်းခြင်းတို့ကြောင့် ​နေပြည်​တော် ခုတင် ၁၀၀၀ စစ်ဆေးရုံတွင် ဆက်လက်ဆေးကုသခဲ့သည်ဟုဆိုသည်။

သို့​သော် အသက် ၇၄ နှစ် ကျော်အရွယ် ဦးမြင့်​ဆွေ၏လက်ရှိအ​ခြေအ​နေမှာအထူးစိုးရိမ်ဖွယ်ရာ အ​ခြေအ​နေဖြစ်​သော​ကြောင့် အထူးကြပ်မတ်ကုသ​ဆောင်တွင် အထူးကြပ်မတ်ကုသနေကြောင်းစစ်​ကောင်စီက သြဂုတ် ၅ ရက်တွင်ထုတ်ပြန်သည်။

ယခင်က ဦးမြင့်​ဆွေ​သေဆုံးပြီဖြစ်​ကြောင်း ​ကောလဟလ အချို့ ထွက်​ပေါ်ခဲ့ဖူးပြီး ယခုအကြိမ်တွင်စစ်​ကောင်စီက ကျန်းမာ​ရေးအ​ခြေအ​နေ ဆိုးရွာ​​နေကြောင်းစတင်ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်​ကောင်စီ၏ ထုတ်ပြန်ချက်အ​ပေါ် ပြည်သူတဦးက “ စိုးရိမ်တဲ့ထဲ ပြည်သူလူထုမပါ” ဟု မှတ်ချက်ပြုသည်။

အခြားပြည်သူတဦးကလည်း “ သွားသင့်တာကြာနေပြီလေ နောက်တောင်ကျနေပြီ” ဟု​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။