Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ ရှစ်လေးလုံး အရေးတော်ပုံအကြို လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၇)မှာ (၃၇)နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အကြို လူထုသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သြဂုတ်-၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၇)မှာ (၃၇)နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အကြို လူထုသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း တစ်နေရာမှာ (၃၇) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနား ကျင်းပခဲ့ပြီး အနာဂတ် မျိုးဆက်တွေကို မမေ့အပ်တဲ့ အရေးတော်ပုံ စိတ်ဓါတ်ကို လက်ဆင့်ကမ်း မျှဝေကာ ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာမကြေဘူး သီချင်းနဲ့ ကျဆုံးရဲဘော်၊ ရဟန်းရှင်လူပြည်သူတွေကို ဦးညွတ်အလေးပြုခြင်း၊ ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် သမိုင်းဖြစ်စဉ်ကို ဟောပြောခြင်းနဲ့ ကဗျာရွတ်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာသားကို ကိုင်စွဲပြီး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ဝင်ဆိုင်းဘုတ်နေရာမှာလည်း ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နဲ့ အာဏာရှင်တော်လှန်ရေး PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၈.၈.၂၀၂၅ ရက်မှာ ကျရောက်မယ့် ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇) နှစ်ပြည့် အထိမ်းအမှတ် ထီးသပိတ်ကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြပြည်သူတွေက “မပြီးဆုံးသေးတဲ့ရှစ်လေးလုံး လူထုလွတ်မြောက်ရေးဒို့အတူရုန်း” ၊ “၈၈ကအချိုးတွေ ၂၁မှာလာမချိုးနဲ့” ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ GSCB

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook