Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် တပတ်ကြာတိုက်ပွဲဖြစ်ဟု PNLA ပြော

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ယခု ဩဂုတ်ပထမပတ်တွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PNLA

ဩဂုတ်−၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ယခု ဩဂုတ်ပထမပတ်တွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

” စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက အင်အား တထောင်ကျော်သုံးပြီး ထိုးစစ်ဆင်လာတယ်လို့သိရတယ်။ အဲဒါကို တပတ်ကျော်ကြာခုခံခဲ့တယ်။ အင်အား အစမတန်သုံးပြီး ထိုးစစ်ဆင်လာတဲ့အခါမှာ ကျေးရွာအတွင်း သူတို့ ဝင်ရောက်နိုင်သွားတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အဲဒီမှာ သူတို့က ရွာတွေကိုမီးရှို့တယ်။ ပြည်သူတဦးကိုလည်း ပစ်သတ်ခဲ့တယ်”ဟု ခွန်ရိန်းယံက ယနေ့ ဩဂုတ် ၁၃ရက်တွင် ပြောသည်။

တိုက်ပွဲမှာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားခဲ့ဟု PNLAက ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ပူးပေါင်းတပ်ကို ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က အင်အားအလွန်အကျွံအသုံးပြုခြင်းကြောင့် ဆုတ်ခွာရဟု PNLAက ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် ကျေးရွာများနှင့် PNLO ဌာနချုပ်ကို ဗုံးကြဲခြင်းပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

နောင်ထောဝ်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်လက်အောက်ခံပြည်သူ့စစ်များသည် သြဂုတ် ၉ရက်တွင် နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက်နှင့် နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှိခဲ့၍ နေအိမ် ၂၄အိမ် ထက်မနည်း မီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်သည်။

ထို့အပြင် စလောင်းထောင်ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးအား PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

“ဒီနေ့အထိလည်း မီးရှို့ခံနေရတုန်းပဲဖြစ်ပါတယ်။ PNO တွေကို ကျနော်တို့ အတန်တန်ပြောသလိုပဲ။ သူတို့ ထိုးစစ်လုပ်ပြီး သူတို့ ရှို့ခဲ့တဲ့ရွာ၊ သတ်ခဲ့တဲ့လူထုတွေက ပအိုဝ်းလူထုတွေပါ။ ပအိုဝ်းကျေးရွာတွေပါ။ လူတစုရဲ့ အာဏာအတွက် ကိုယ့်ရဲ့လူမျိုးကျေးရွာတွေကို မီးတွေပြန်ရှို့နေရတယ် ကိုယ့်ရဲ့ ပအိုဝ်းလူမျိုးတွေကို ပြန်သတ်နေတဲ့ဆိုတာကို သေချာစဉ်းစားဖို့လိုပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

PNO ပြည်သူ့စစ်အား လက်ရှိ ဦးဆောင်နေသူသည် ပအိုဝ်းလူမျိုးမဟုတ်သည့် ခရိုနီနေဝင်းထွန်းဖြစ်ပြီး ၎င်း၏ အကျိုးစီးပွားအတွက် ပအိုဝ်းများကို အသုံးချနေသည်ဟု ဆိုသည်။

” ပအိုဝ်းမဟုတ်တဲ့ ခရိုနီစီးပွားရေးသမားတယောက်ရဲ့ အကျိုးစီးပွားအတွက် ကိုယ့်လူမျိုးကို အစတေးခံမလား ကိုယ့်လူမျိုးသမိုင်းကို အမည်းဆက်အဖြစ်ခံမလားဆိုတာကတော့ သေချာ စဉ်းစားသုံးသပ်ကြဖို့တိုက်တွန်းလိုပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ ပြည်သူလူထုကို သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ဒေသခံတွင်းရှိ ပြည်သူ ၂၀၀၀ကျော်မှာ တောတောင်များနှင့် အခြားကျေးရွာများသို့ တိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook