Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် တပတ်ကြာတိုက်ပွဲဖြစ်ဟု PNLA ပြော

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ယခု ဩဂုတ်ပထမပတ်တွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PNLA

ဩဂုတ်−၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ယခု ဩဂုတ်ပထမပတ်တွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

” စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက အင်အား တထောင်ကျော်သုံးပြီး ထိုးစစ်ဆင်လာတယ်လို့သိရတယ်။ အဲဒါကို တပတ်ကျော်ကြာခုခံခဲ့တယ်။ အင်အား အစမတန်သုံးပြီး ထိုးစစ်ဆင်လာတဲ့အခါမှာ ကျေးရွာအတွင်း သူတို့ ဝင်ရောက်နိုင်သွားတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အဲဒီမှာ သူတို့က ရွာတွေကိုမီးရှို့တယ်။ ပြည်သူတဦးကိုလည်း ပစ်သတ်ခဲ့တယ်”ဟု ခွန်ရိန်းယံက ယနေ့ ဩဂုတ် ၁၃ရက်တွင် ပြောသည်။

တိုက်ပွဲမှာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားခဲ့ဟု PNLAက ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ပူးပေါင်းတပ်ကို ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က အင်အားအလွန်အကျွံအသုံးပြုခြင်းကြောင့် ဆုတ်ခွာရဟု PNLAက ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် ကျေးရွာများနှင့် PNLO ဌာနချုပ်ကို ဗုံးကြဲခြင်းပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

နောင်ထောဝ်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်လက်အောက်ခံပြည်သူ့စစ်များသည် သြဂုတ် ၉ရက်တွင် နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက်နှင့် နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှိခဲ့၍ နေအိမ် ၂၄အိမ် ထက်မနည်း မီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်သည်။

ထို့အပြင် စလောင်းထောင်ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးအား PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

“ဒီနေ့အထိလည်း မီးရှို့ခံနေရတုန်းပဲဖြစ်ပါတယ်။ PNO တွေကို ကျနော်တို့ အတန်တန်ပြောသလိုပဲ။ သူတို့ ထိုးစစ်လုပ်ပြီး သူတို့ ရှို့ခဲ့တဲ့ရွာ၊ သတ်ခဲ့တဲ့လူထုတွေက ပအိုဝ်းလူထုတွေပါ။ ပအိုဝ်းကျေးရွာတွေပါ။ လူတစုရဲ့ အာဏာအတွက် ကိုယ့်ရဲ့လူမျိုးကျေးရွာတွေကို မီးတွေပြန်ရှို့နေရတယ် ကိုယ့်ရဲ့ ပအိုဝ်းလူမျိုးတွေကို ပြန်သတ်နေတဲ့ဆိုတာကို သေချာစဉ်းစားဖို့လိုပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

PNO ပြည်သူ့စစ်အား လက်ရှိ ဦးဆောင်နေသူသည် ပအိုဝ်းလူမျိုးမဟုတ်သည့် ခရိုနီနေဝင်းထွန်းဖြစ်ပြီး ၎င်း၏ အကျိုးစီးပွားအတွက် ပအိုဝ်းများကို အသုံးချနေသည်ဟု ဆိုသည်။

” ပအိုဝ်းမဟုတ်တဲ့ ခရိုနီစီးပွားရေးသမားတယောက်ရဲ့ အကျိုးစီးပွားအတွက် ကိုယ့်လူမျိုးကို အစတေးခံမလား ကိုယ့်လူမျိုးသမိုင်းကို အမည်းဆက်အဖြစ်ခံမလားဆိုတာကတော့ သေချာ စဉ်းစားသုံးသပ်ကြဖို့တိုက်တွန်းလိုပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ ပြည်သူလူထုကို သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ဒေသခံတွင်းရှိ ပြည်သူ ၂၀၀၀ကျော်မှာ တောတောင်များနှင့် အခြားကျေးရွာများသို့ တိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။