Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်-ရေဖြူ-မလွှဲတောင်လမ်းတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် ၁၇ဦးသေဟု ဗျူဟာ(၃၃)စစ်ဆင်ရေးမှူးပြော

တနင်္သာရီတိုင်း၊ ထားဝယ်-ရေဖြူ-မလွဲတောင် လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ခရီးသွားပြည်သူများကို အသိပေးခဲ့ပြီး ဩဂုတ် ၁၅ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့ဟု ပြောသည်။

ဩဂုတ် ၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်-ရေဖြူ-မလွဲတောင် လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ခရီးသွားပြည်သူများကို အသိပေးခဲ့ပြီး ဩဂုတ် ၁၅ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့ဟု ပြောသည်။

စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအကာအကွယ်ယူပြီး စစ်ရေးဖော်ဆောင်ခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် အဆိုပါလမ်းပိုင်း တိုက်ပွဲပြင်းထန်နေမှုကို အသိပေးကာ ခရီးသွားပြည်သူများ နားစွန့်ပြီး ဂရုစိုက်သွားလာကြရန် မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ဩဂုတ် ၁၅ရက် ညနေတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ဟု ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ ၂နာရီ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ ၃ဦး အပါအဝင် ၁၇ဦး သေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်က ၅ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ဆင်ရေးမှူးက ပြောသည်။

“ရန်သူကတော့ စစ်ကြောင်းလေးကြောင်းခွဲပြီး ထိုးတာပေါ့။အခုကတော့ ပြန်ဆုတ်သွားပြီ”ဟု စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။

မဟာမိတ်တပ်ပေါင်းစုများအနေဖြင့် ရည်မှန်းချက်အတိုင်းဆက်လက် ဆောင်ရွက်မည်ဖြစ်၍ တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း ရဲဘော်စောဒါးကိုက အသိပေးပြီး အမှတ်(၈) ပြည်ထောင်စုလမ်းအသုံးပြုနေသည့် ခရီးသွားပြည်သူများ ဘေးရန်ကင်းစေရန် ဆုတောင်းပေးခဲ့သည်။

” အစကတည်းက ၂၀၂၅မှာ ဘယ်လိုတိုက်ခိုက်မယ် ဘယ်လို သွားမယ်၊ ဘယ်လို အထိ ကျနော်တို့စိုးမိုးထိန်းချုပ်မယ်ဆိုတာ ကျနော်တို့မှာရှိပြီးသား” ဟု ရဲဘော်စောဒါးကိုက တော်လှန်ရေး ပူးပေါင်းတပ်များ၏ ရည်မှန်းချက်ကို ပြောပြသည်။

စစ်ကောင်စီတပ်သည် မြန်မာ-ထိုင်းနယ်စပ် နတ်အိမ်တော်စခန်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေ၍ မွန်၊ ကရင်၊ PDF တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ ယခုဩဂုတ်အတွင်း ရေဖြူမြို့နယ် ကော့လှိုင်းရွာ ဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ

သတင်း

ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၁၃ ပေကျော် မြင့်တက်နေပြီး မြိုခံတွေ ဘေးလွတ်ရာကို ယာယီရှောင်တိမ်းနေရပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့်သေဆုံးသူ ၃၂ဦးရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်‌တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၂၉ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

Facebook