Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာရထားသံလမ်းဘေးနေအိမ်တွေကိုစစ်​ကောင်စီက ဖယ်ရှားခိုင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ရထားလမ်းသံလမ်းဘေးက နေအိမ်တွေ ဖယ်ရှားပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကမိတ္ထီလာမြို့ကိုအ​ပေါ်စီးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-Myanmar Skyline

သြဂုတ်-၁၆၊၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ရထားလမ်းသံလမ်းဘေးက နေအိမ်တွေ ဖယ်ရှားပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့မှာ မီးရထားလမ်း နယ်နမိတ်အတွင်း ကျူးကျော်ဝင်ရောက်နေထိုင်နေလို့ဆိုပြီး သံလမ်းဘေးအိမ်တွေကို လာမယ့် သြဂုတ်လ ၂၆ ရက်နေ့ အပြီးဖယ်ရှားဖို့ သတိပေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“သံလမ်းဘေးအိမ်တွေကို စာတွေအကုန်ပို့သွားတယ်။ ဖယ်ရမှာက မြို့တွင်းဆို သံလမ်းနဲ့ ပေ
၅၀အကွာ၊ မြို့ပြင်ဆို ပေ၇၀ အကွာလို့ပြောတယ်”လို့ မိတ္ထီလာမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သက်မှတ်ရက်အတွင်း ဖယ်မပေးရင် ရထားလမ်းတလျှောက်ကို ရထားလမ်းနယ်သက်မှတ်ချက်အရ ဖယ်ရှားရှင်းလင်းမယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထား၊ အမှတ် (၁၁) တိုင်းပုဂံ တာဝန်ခံက ခြိမ်းခြောက်ထားပါတယ်။

ဖယ်ရှားရမယ့်နေအိမ်အရေအတွက်နဲ့ အကျယ်အဝန်းပမာဏကိုတော့ အတိအကျ မသိရသေးပါဘူး။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးပြီးချင်းကာလတုန်းကလည်း မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ မီးရထားသံလမ်းဘေးကနေအိမ်တွေကို ဖယ်ရှားဖို့ စာတွေထုတ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ပြည်သူတွေရဲ့ နေအိမ်နေရာကိုကျူးကျော်ဆိုပြီး ဘူဒိူဇာနဲ့ထိုး သိမ်းယူခဲ့တဲ့ မြေနေရာတွေကို စစ်တပ်က ဂရမ်မြေချပြီး ပြန်လည် ရောင်းစားနေရာ ပေ၄၀×၆၀ တစ်ကွက်ကို ကျပ်သိန်း၂၀,၀၀၀ အနိမ့်ဆုံး ဈေးပေါက်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှောင်လမ်းမှာ ညဘက်ဖြတ်သန်းသွားတဲ့ ယာဥ်တွေ အနုကြမ်းစီးခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ လျှပ်စစ်‌ဝါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ခဲ့ပြီး နေအိမ် ခြောက်လုံး မီးလောင်ဆုံးရှူံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။