Connect with us

Hi, what are you looking for?

သတင်း

မော်လိုက်က စစ်တပ်နဲ့ပျူပူး​ပေါင်းစခန်းကို​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ် မှာ စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ စခန်းကို ​တော်လှန်​ရေးတပ်​တွေက သြဂုတ် ၁၅ ရက်​နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း​တွေရရှိတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

စစ်တပ်နဲ့ ပျူပူး​ပေါင်းအထိုင်ချတဲ့ ​ထော်သာစခန်းကို​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ပြီး​နောက်သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ/ သိမ်းပိုက်ခဲ့တဲ့စခန်းမှ PDF အလံ​တော် နဲ့ ​ထော်သာစခန်းကပျူယူနီ​ဖောင်း။ဓါတ်ပုံ-​မြောက်ပိုင်းကျား

သြဂုတ်-၁၉၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ် မှာ စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ စခန်းကို ​တော်လှန်​ရေးတပ်​တွေက သြဂုတ် ၁၅ ရက်​နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း​တွေရရှိတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

​မောလိုက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ပျူ ပူး​ပေါင်းစခန်းထိုင်တဲ့ ပထမဆုံးစခန်းဖြစ်သလို အခိုင်အမာတည်​ဆောက်ထားတဲ့ ​ထော်သာစခန်းကို သြဂုတ်လ ၁၅ ရက်ည​နေမှာ ​တော်လှန်​ရေးတပ်​တွေက ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့တာပါ။

“မော်လိုက်မြို့နယ်ရဲ့ ပထမဆုံး ပျူနဲ့ စကစနဲ့ပေါင်းနေတဲ့ စခန်း။စစ်သုံ့ပန်းလက်နက်ကိုင်တာက ၇၀ ၊ မိသားစုဝင်​တွေက ၁၅၀ “လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင် တဦးက​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းဓါတ်ပုံ​တွေနဲ့ စခန်းသိမ်းပုံ​တွေကို PDF အချို့က ဓါတ်ပုံနဲ့ရုပ်သံတင်ထားတာမှာ လက်နက်မျိုးစုံ အနည်းဆုံး ၂၃ လက်​​သိမ်းဆည်းရရှိတာ​တွေ့ရပါတယ် ။ စစ်သုံ့

ပန်းအများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့တာကို လည်း​တွေ့ရပါတယ် ။

စခန်းသိမ်းပြီး​နောက် စစ်တပ်က စစ်ကူထပ်လာသူ​တွေကိုလည်း ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်​နေပြီး သြဂုတ်လ ၁၈ ရက်အထိတိုက်ပွဲ​တွေဖြစ်​နေတယ်လို့သိရပါတယ် ။ စစ်ကူလာတဲ့ စစ်​ကြောင်းကို​​တော်လှန်​ရေးတပ်​တွေ တိုက်တာမှာ​သေဆုံး၊ဒဏ်ရာရသူများသလို စစ်သုံ့ပန်းအချို့ပါ ထပ်ဖမ်းမိတဲ့အတွက် စစ်ကူစစ်​ကြောင်းလည်း အထိနာလို့ပြန်ငြိမ်သွားတယ်လို့ သိရပါတယ် ။

“စစ်​ကြောင်းအထိနာပြီး ပြန်ငြိမ်နေတာ အရာရှိတွေပါကျတာ” လို့​​တော်လှန်​ရေးရဲ​ဘော်တဦးက​ပြောပါတယ်။

​ထော်သာစခန်း နဲ့ စစ်ကူစစ်​ကြောင်း​တွေကို ​မော်လိုက်မြို့နယ်က​တော်လှန်​ရေးတပ်​တွေ ပူး​ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။