Connect with us

Hi, what are you looking for?

သတင်း

မော်လိုက်က စစ်တပ်နဲ့ပျူပူး​ပေါင်းစခန်းကို​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ် မှာ စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ စခန်းကို ​တော်လှန်​ရေးတပ်​တွေက သြဂုတ် ၁၅ ရက်​နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း​တွေရရှိတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

စစ်တပ်နဲ့ ပျူပူး​ပေါင်းအထိုင်ချတဲ့ ​ထော်သာစခန်းကို​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ရုပ်သံ-​​မြောက်ပိုင်းကျား

သြဂုတ်-၁၉၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ် မှာ စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ စခန်းကို ​တော်လှန်​ရေးတပ်​တွေက သြဂုတ် ၁၅ ရက်​နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း​တွေရရှိတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

​မောလိုက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ပျူ ပူး​ပေါင်းစခန်းထိုင်တဲ့ ပထမဆုံးစခန်းဖြစ်သလို အခိုင်အမာတည်​ဆောက်ထားတဲ့ ​ထော်သာစခန်းကို သြဂုတ်လ ၁၅ ရက်ည​နေမှာ ​တော်လှန်​ရေးတပ်​တွေက ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့တာပါ။

“မော်လိုက်မြို့နယ်ရဲ့ ပထမဆုံး ပျူနဲ့ စကစနဲ့ပေါင်းနေတဲ့ စခန်း။စစ်သုံ့ပန်းလက်နက်ကိုင်တာက ၇၀ ၊ မိသားစုဝင်​တွေက ၁၅၀ “လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင် တဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းဓါတ်ပုံ​တွေနဲ့ စခန်းသိမ်းပုံ​တွေကို PDF အချို့က ဓါတ်ပုံနဲ့ရုပ်သံတင်ထားတာမှာ လက်နက်မျိုးစုံ အနည်းဆုံး ၂၃ လက်​​သိမ်းဆည်းရရှိတာ​တွေ့ရပါ တယ်။ စစ်သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့တာကို လည်း​တွေ့ရပါတယ် ။

စခန်းသိမ်းပြီး​နောက် စစ်တပ်က စစ်ကူထပ်လာသူ​တွေကိုလည်း ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်​နေပြီး သြဂုတ်လ ၁၈ ရက်အထိတိုက်ပွဲ​တွေဖြစ်​နေတယ်လို့သိရပါတယ် ။ စစ်ကူလာတဲ့ စစ်​ကြောင်းကို​​တော်လှန်​ရေးတပ်​တွေ တိုက်တာမှာ​သေဆုံး၊ဒဏ်ရာရသူများသလို စစ်သုံ့ပန်းအချို့ပါ ထပ်ဖမ်းမိတဲ့အတွက် စစ်ကူစစ်​ကြောင်းလည်း အထိနာလို့ပြန်ငြိမ်သွားတယ်လို့ သိရပါတယ် ။

“စစ်​ကြောင်းအထိနာပြီး ပြန်ငြိမ်နေတာ အရာရှိတွေပါကျတာ” လို့​​တော်လှန်​ရေးရဲ​ဘော်တဦးက​ပြောပါတယ်။

​ထော်သာစခန်း နဲ့ စစ်ကူစစ်​ကြောင်း​တွေကို ​မော်လိုက်မြို့နယ်က​တော်လှန်​ရေးတပ်​တွေ ပူး​ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။