Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့မှာတပ်စွဲထားတဲ့ စစ်တပ်စခန်းတိုက်ခိုက်ခံရ

စစ်ကိုင်းမြို့အနောက်ခြမ်းငါးထပ်ကြီးဘုရားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကိုဩဂုတ် ၁၇ ရက်ည၈နာရီခွဲဝန်းကျင်ကတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ဓာတ်ပုံ - Google Earth 

သြဂုတ် – ၁၉ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

စစ်ကိုင်းမြို့အနောက်ခြမ်းငါးထပ်ကြီးဘုရားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကိုဩဂုတ် ၁၇ ရက်ည၈နာရီခွဲဝန်းကျင်ကတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ငါးထပ်ကြီးဘုရားမှာတပ်စွဲထားတဲ့ တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ နာရီဝက်နီးပါးကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တာပါ။

“အသံတွေကတော်တော်လေးကျယ်တယ် ” လို့ စစ်ကိုင်းမြို့ ၊ ပန်းပဲတန်းရပ်နေသူတစ်ဦးက ပြောပါတယ်။ လက်နက်ကြီး သံတွေကိုပါ ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုတွေကြောင့် မဟာခိုနန်းပရိယတ္တိစာသင်တိုက်ရဲ့ အဆောက်အအုံလည်း ထိခိုက်မှုရှိခဲ့ပြီး ကိုရင်ငယ်တစ်ပါး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ်ကို စစ်ကောင်စီတပ်က စစ်ကားတွေနဲ့ ကင်းပတ်ပြီး လမ်းပေါ်သွားလာသူအချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့ အနောက်ခြမ်း ငါးထပ်ကြီးဘုရားတဝိုက် တိုက်ပွဲဖြစ်ပြီးနောက် ဩဂုတ်လ ၁၈ရက်နဲ့ ၁၉ရက်တွေမှာစစ်ကောင်စီတပ် ကားတွေနဲ့မြို့တွင်းလှည့်ပတ်နေသလို လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေရှိနေပါတယ်။

ဒါအပြင် မန္တလေးမြို့အထွက်(နှာပေါက်)နဲ့ စစ်ကိုင်းမြို့အဝင်တွေမှာ ယခင်ကထက် ခရီးသည်တင်ယာဉ်တွေကို အချိန်ပိုယူပြီး စစ်ဆေးတာတွေရှိလာတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်သား ၆ဦးထက်မနည်းသေ၊ လက်နက် ၁၁လက်ရ