Connect with us

Hi, what are you looking for?

သတင်း

အ​ရေးယူမှုများ​ရှောင်ရှားရန် အမည်​ပြောင်းစစ်အုပ်စုကို အ​နောက်နိုင်ငံများ အမြန်ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို

စစ်ကောင်စီက​နေ အမည်​ပြောင်းထားသည့် နိုင်ငံတော်လုံခြုံရေး နှင့် ငြိမ်းချမ်းရေးကော်မရှင်( နလငက)ကို အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများက အမြန်ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ရန် Justice For Myanmar ကတောင်းဆိုလိုက်သည်။

အာဏာသိမ်းစစ်အုပ်စု၏ အမည်​ပြောင်းထား​သော နလငက အစည်းအ​ဝေးလုပ်​နေစဥ်။ ဓါတ်ပုံ-Cincds

ဩဂုတ်-၂၁၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီက​နေ အမည်​ပြောင်းထားသည့် နိုင်ငံတော်လုံခြုံရေး နှင့် ငြိမ်းချမ်းရေးကော်မရှင်( နလငက)ကို အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများက အမြန်ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ရန် Justice For Myanmar ကတောင်းဆိုလိုက်သည်။

“တရားမဝင်မြန်မာစစ်အုပ်စုက ၎င်း၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့ “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက)” ၏ အမည်ကို “နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (နလငက)” အဖြစ် ပြောင်းလဲလိုက်ခြင်းသည် စစ်အုပ်စုအတွက် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွှားနိုင်မည့် စိုးရိမ်စရာ ကယ်ပေါက်တစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။” ဟု JFM က ထောက်ပြထားသည်။

အမည်ပြောင်းလိုက်သော်လည်းနလငက ၏ “ဥက္ကဌ” “ဒုဥက္ကဋ္ဌ” တို့မှာ ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျ တို့၏ ဒဏ်ခတ်ပိတ်ဆို့ချမှတ်ခံထားရသေ မင်းအောင်

Public Service Announcement

Public Service Announcement

လှိုင်နှင့် စိုးဝင်းတို့ဖြစ်သည်။ထို့အပြင် နလငက အဖွဲ့ဝင် ၁၀ ဦးစလုံးသည် အနည်းဆုံး တရားစီရင်ပိုင်ခွင့်တစ်ခုတွင် ပိတ်ဆို့အရေးယူခံထားရပြီး ၎င်းတို့အားလုံးသည် ဇူလိုင် ၃၁ ရက်မတိုင်မီအထိ စစ်အုပ်စု၏ အကြီးတန်းအဖွဲ့ဝင်များဖြစ်သည်။ထို့ကြောင့် အထက်ပါကော်မတီကိုလည်း နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ရန် တောင်းဆိုခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၃၁ တွင် နစကကို ဖျက်သိမ်း၍ နလငက ဖြင့် အစားထိုးခဲ့သည်ဟု ​ကြေညာခဲ့သည်။

“နလငက ဟု နာမည်ပြောင်းပြီးကတည်းက စစ်အုပ်စုသည် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲမှုများ၊ တရားလက်လွတ်ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရပ်ရွာလူထုတစ်ရပ်လုံးကို ဖျက်ဆီးမှုများဖြင့် မြန်မာပြည်သူလူထုအပေါ် ပစ်မှုထားသည့် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးလှုပ်ရှားမှုမှာ ပိုမိုဆိုးရွား ပြင်းထန်လာခဲ့သည်။” ဟု JFM က ဆိုသည်။

နစက အဖွဲ့အပေါ် အမေရိကန်ပြည်ထောင်စုနှင့် ယူကေနိုင်ငံက ၂၀၂၁ တွင် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပြီး အီးယူက ၂၀၂၂ နှင့် ကနေဒါနိုင်ငံက ၂၀၂၃ တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

“နစကအားဖျက်သိမ်းခြင်းမှဖန်တီးဖြစ်ပေါ်လာသည့် အဆိုပါကယ်ပေါက်ကြောင့် မကြာသေးမီက စစ်အုပ်စုမှ အမေရိကန်အခြေစိုက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကုမ္ပဏီ DCI Group အား ငှားရမ်းနိုင်ခဲ့ခြင်းဖြစ်နိုင်ပြီးအမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၃ သန်းတန်ကြေးရှိ တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး၊ စစ်အုပ်စု၏ နိုင်ငံတကာပုံရိပ်ကို ခဝါချသန့်စင်ရန် ကြိုးပမ်းမှုတစ်ရပ်ပင် ဖြစ်သည်” ဟု JFM က​ထောက်ပြထားသည်။

စစ်ကောင်စီသည် နစကကို မဖျက်သိမ်းမီ ဇူလိုင် ၄ ရက်က သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ယင်းစာချုပ်ကို ဇူလိုင် ၃၁ ရက်မှ အသက်ဝင်မည်ဟု ထည့်သွင်းချုပ်ဆိုထားခြင်းသည် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု များကို ရှောင်ရှားလိုခြင်းကြောင့်ဖြစ်သည်ဟု JFM က သုံးသပ်ထားသည်။

စစ်ကောင်စီသည် ၂၀၂၁ ကလည်း အမေရိကန်နိုင်ငံကို စည်းရုံးနိုင်ရန် ကနေဒါပြည်သူ့ဆက်ဆံရေးလုပ်ငန်း ကုမ္ပဏီ Dickens & Madson မှ Ari Ben-Menashe ကို ငှားရမ်းခဲ့ဖူးပြီး အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုကိုကြေညာခဲ့သောကြောင့်စာချုပ် ဖျက်သိမ်းခံခဲ့ရသည်။အ​ကြောင်းမှာဒဏ်ခတ်ပိတ်ဆို့မှုများက ငွေပေးချေမှုများအား တားမြစ်ထားခြင်းကြောင့်ဟု ဆိုသည်။

ထို့ကြောင့် ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့် တရားမဝင်စစ်အုပ်စုအား ပြတ်သားသည့် ပိတ်ဆို့အရေးယူဆောင်ရွက်မှုများ ဆက်လက်တည်ရှိနေစေရန်နှင့် ပိတ်ဆို့အရေးယူမှုများကို ရှောင်တိမ်းခြင်းမှ တားဆီးရန်အတွက် နလငက ကို ပိတ်ဆို့အရေးယူမှုစာရင်း၌ အရေးပေါ်ထည့်သွင်းရန် လိုအပ်နေပြီဖြစ်ကြောင်း JFM က ဝောာင်းဆိုထားသည်။

“နစက ကနေ နလငက လို့ ခေါင်းစီးပြောင်းပြီး နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို မလှိမ့်တပတ်လုပ်နေတဲ့ တရားမဝင်မြန်မာစစ်အုပ်စုကို ခွင့်ပြုမပေးဖို့ လိုပါတယ်။ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာကမ္ဘာတဝန်းက လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေ၊ အာဏာရှင်လောင်းလျာတွေကိုရင်ဆိုင်အံတုဖို့အတွက် အလွန်တရာအရေးပါပြီး၊အစိုးရတွေအနေနဲ့ကိုယ့်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်ခွရှောင်ရှားသွားတာတွေအပေါ် မရပ်တည်မိဖို့ လိုပါတယ်။” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ထို့ကြောင့် အထက်ပါနိုင်ငံများအနေဖြင့် နလငကအပေါ် အမြန်ဆုံးဒဏ်ခတ်ပိတ်ဆို့၍ စစ်ကောင်စီ ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှုကို ပိတ်ပင်ခြင်း၊ စစ်ကောင်စီ၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ နည်းပညာနှင့် လေယာဉ်ဆီလမ်းကြောင်းများကို ပိတ်‌ဆို့ ဖြတ်တောက်နိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် ၎င်းကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

သတင်း

KDDI နဲ့ Sumitomo Corporation တို့အနေနဲ့စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ‌လုပ်‌ဆောင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ Justice For Myanmar(JFM) အပါအဝင် ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့ Thales ကုမ္ပဏီကို စုံစမ်းစစ်ဆေး အရေးယူဖို့ ပြင်သစ်အာဏာပိုင်တွေကို Justice For Myanmarက တောင်းဆိုလိုက်ပါတယ်။