Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ပြည်သူကိုလေကြောင်းတိုက်ခိုက်မှုနှင့် အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှုတို့ကို တအာင်းပြည်ကောင်စီ ကန့်ကွက်ရှုတ်ချ

အာဏာသိမ်းစစ်ကောင်စီတပ်ကတနိုင်ငံလုံးတွင် အများပြည်သူနေထိုင်သော နေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ အဆက်မပြတ်ကျူးလွန်နေခြင်းနှင့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေ ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း တအာင်းပြည်ကောင်စီ(TLC)က ဩဂုတ် ၂၂ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။

တအာင်းနိုင်ငံ​ရေးအတိုင်ပင်ခံ​ကော်မတီက ဦး​ဆောင်ပြုလုပ်​သော ဖက်ဒရယ်နှင့်ပတ်သက်​သောအစည်းအ​ဝေးအချို့။ ဓါတ်ပုံ-TPCC

ဩဂုတ်-၂၃၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကတနိုင်ငံလုံးတွင် အများပြည်သူနေထိုင်သော နေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ အဆက်မပြတ်ကျူးလွန်နေခြင်းနှင့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေ ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း တအာင်းပြည်ကောင်စီ(TLC)က ဩဂုတ် ၂၂ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။

တအာင်းနိုင်ငံ​ရေးအတိုင်ပင်ခံ​ကော်မတီက ဦး​ဆောင်ပြုလုပ်​သော ဖက်ဒရယ်နှင့်ပတ်သက်​သောအစည်းအ​ဝေးအချို့။ ဓါတ်ပုံ-TPCC

စစ်ရာဇဝတ်မှုများကျူးလွန်နေသည့်အာဏာသိမ်းစစ်တပ်သည် ပြည်သူလူထု၏ဆန္ဒသဘောထားမပါဘဲ အာဏာရှင်စနစ်ကိုသက်ဆိုးရှည်ခြင်းနှင့် တရားမဝင်အာဏာကို ဆက်လက်ရရှိရန်အတွက် ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)၊ တအာင်းနိုင်ရေးပါတီ(TNP)နှင့် တအာင်းအရပ်ဘက်အဖွဲ့အစည်းများစုဖွဲ့ထားသည့်TLC၏ကြေညာချက်၌ ဖော်ပြထားသည်။

“ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်အတုအယောင်ရွေးကောက်ပွဲတွင် လုံးဝပါဝင်ခြင်းမပြုပဲ ဆန့်ကျင်ကန့်ကွက်ကြရန်နှင့် နိုင်ငံတကာအစိုးရများနှင့်အဖွဲအစည်းများကလည်း အသိအမှတ်မပြုပဲ ဆန့်ကျင် ကန့်ကွက်ပေးကြပါရန်တိုက်တွန်းတောင်းဆိုလိုပါသည်”ဟုတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ဇူလိုင်၂၁ရက်မှဩဂုတ် ၂၁ရက်အထိ တလတာအတွင်းစစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ သေဆုံးထိခိုက် အခြေအနေများကို ဖော်ပြခဲ့သည်။

စစ်ကောင်စီက တအာင်းပြည်ကောင်စီ၏ ဒေသအ တွင်းရှိ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်နှင့် မိုင်းငေါ့တိုတွင် အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ပြည်သူ ၅၉ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့ဟု အသိပေးသည်။

ဩဂုတ် ၂၂ ရက်နေ့ တစ်ရက်တည်း၌ပင် ကျောက်မဲမြိုနယ် နောင်ပိန်ရွာသို့ စစ်ကောင်စီက ဗုံးအလုံးရေ(၃၉)လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ နောင်ပိန်ရွာ တိုက်ခိုက်မှု၌ သေဆုံးထိခိုက် အခြေအနေ ဖော်ပြမထားပေ။

တအာင်းပြည်ကောင်စီ အနေ ဖြင့် အသက် ဆုံးရှူံးခဲ့သောအရပ်သားပြည်သူများ၏ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းရဟု သဘောထား ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်က တအာင်းပြည်သာမက နိုင်ငံတစ်ဝှမ်းလုံး၌ ပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိရာ စစ်တပ်၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုနှင့် အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုများ နေ့စဉ်ရက်ဆက် ချိုးဖောက်ကျူးလွန်နေခြင်းကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲအစည်း များမှ ထိရောက်သည့်အရေးယူမှုများနှင့် အမြန်ဆုံးတားဆီး အရေးယူပေးရန်လည်း TLCက တိုက်တွန်း တောင်းဆိုထားသည်။

တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSN ကလည်း ပြည်သူနေထိုင်ရာနေရာများအား နေ့စဉ်လေကြောင်းဖြင့် ဦးတည်ဗုံးကြဲတိုက်ခိုက်သောစစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဩဂုတ် ၁၃ရက်တွင် ထုတ်ပြန်ခဲ့ပြီး တရုတ်အစိုးရသည် စစ်ကောင်စီ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို အားဖြည့်ဆောင်ရွက်ပေးနေကြောင်း ဖော်ပြထားသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU)၊တအာင်းဥပဒေအထောက်အကူပြုဖောင်ဒေရှင်း (TLAF)၊တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)၊ တအာင်းပညာရေးအင်စတီကျူ့ (TEI)၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း (THO)နှင့် တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ (TEWG) တို့က ဩဂုတ် ၁၃ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

TNLA ခေါင်းဆောင်တဦးဖြစ်သည့် အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း တော်လှန်ရေး၌ ရင်ဆိုင်နေရသည့် အကြီးမားဆုံး အခက်အခဲကို ဩဂုတ် ၁၂ရက်က လူမှုကွန်ရက်၌ ရေးသားခဲ့ရာ လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့သည့် မြန်မာ စစ်အာဏာရှင်များ၏လုပ်ရပ် နှင့် ကိုယ်ကျိုးစီးပွားတခုတည်းကြည့်သည့် တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ ဖြစ်ဟု ​ရေးသားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။