Connect with us

Hi, what are you looking for?

သတင်း

မဲဆောက်စျေးကြီးမှာ ရန်ဖြစ်တဲ့ မြန်မာစျေးသည်အမျိုးသမီး ၆ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့စျေးကြီးမှာ ရန်ဖြစ်ကြတဲ့ မြန်မာစျေးသည်အမျိုးသမီး ၆ဦးကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဩဂုတ် ၂၅ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

(မြန်မာစျေးသည်တွေ ရန်ဖြစ်နေကြစဉ်နဲ့ ထိုင်းအာဏာပိုင်တွေ မဲဆောက်စျေးစစ်ဆေးနေစဉ်။ ဓာတ်ပုံ − ชิราวุธ รุ่งจำรัสรัศมี)

ဩဂုတ်−၂၅၊ ၂၀၂၅။ဒီတိုး/People’s Spring

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့စျေးကြီးမှာ ရန်ဖြစ်ကြတဲ့ မြန်မာစျေးသည်အမျိုးသမီး ၆ဦးကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဩဂုတ် ၂၅ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

မဲဆောက်စျေးကြီးမှာ ငရုတ်သီးမှုန့်စျေးလျော့ရောင်းချတာနဲ့ ပတ်သက်ပြီး ဩဂုတ် ၂၃ရက်နဲ့ ၂၄ရက်မှာ တုတ်တွေကိုင်ဆောင်ပြီး ရန်ဖြစ်ကြတဲ့အမှုနဲ့ပတ်သက်ပြီး မြန်မာစျေးသည်အမျိုးသမီး ၆ဦး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ရန်ဖြစ်ကြတဲ့ စျေးသည်တွေဖြစ်တဲ့ မခင်စန်းဦး (၄၄)နှစ်၊ မခင်​ဆွေမိုး(၃၃)နှစ်၊​မမေတ္တာခိုင်(၃၅)နှစ်၊မစန်းစန်း​ထွေး(၃၅)နှစ်၊မထိုက်ထိုက်​အောင် (၃၁)နှစ်နဲ့ မမိုးမိုးကြည် (၃၅)နှစ်တို့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိတဲ့ကန့်သတ်အလုပ်လုပ်ကိုင်မှု၊ ပတ်ဝန်းကျင်ရပ်ရွာရဲ့လုံခြုံရေးနဲ့အေးချမ်းသာယာရေးကို ထိခိုက်စေမှု၊ စာရွက်စာတမ်းအထောက်အထားရှိ၊မရှိနဲ့ ရှိရင်လည်း ခွင့်ပြုအလုပ်နဲ့ လက်ရှိအလုပ်မတူညီမှုစတာတွေနဲ့ တရားစွဲဆိုခံရနိုင်တယ်လို့ မဲဆောက်မြို့အခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌဦးမိုးကြိုးက ပြောပါတယ်။

“ဒါကတော့ အရုပ်‌ဆိုး အကျည်းတန်လွန်းပါတယ်။ မဲဆောက်ရောက်တဲ့ မြန်မာတွေ နှစ်သိန်းခွဲကနေ သုံးသိန်းအထိ မဲဆောက်မြို့မှာရှိတယ်။ ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်အစုနဲ့ကိုယ် အေးအေးချမ်းချမ်းလေးနဲ့ စက်ရုံလုပ်သားကလည်း စက်ရုံလုပ်သား ၊အလုပ်ရုံလုပ်သားကလည်းအလုပ်ရုံလုပ်သား ၊ ခြံတောင်ယာ ၊ဆောက်လုပ်ရေး ၊ အထွေထွေလုပ်သားကလည်း သူ့ဟာသူရှာဖွေ စားသောက်နေတာ။ ဒီဈေးသည်တွေကတော့ အင်မတန်ကို မင်းမဲ့တိုင်းပြည်လိုလုပ်သွားပြီးတော့ ကိုယ်ကနိုင်ငံခြားသားဖြစ်တယ်၊ ဧည့်သည် ဖြစ်တယ်။ နိုင်ငံခြားသားလို ဧည့်သည်လိုမနေဘူး”လို့ ဦးမိုးကြိုးက ပြောပါတယ်။

အမှု လေးမှု၊ငါးမှုနဲ့ တရားစွဲဆိုခံရနိုင်တယ်လို့ ဦးမိုးကြိုးက သုံးသပ်ပါတယ်။

မဲဆောက်စျေးကြီးဟာ မြန်မာစျေးသည်တွေ အများစုရောင်းချတဲ့ စျေးကြီးဖြစ်ပြီး မြန်မာအိမ်သုံးပစ္စည်းတွေနဲ့ အသီးအရွက်၊ အသားငါးရောင်းချတဲ့ စျေးဖြစ်ပါတယ်။

မြန်မာချင်းရန်ဖြစ်ကြတဲ့ သတင်း​တွေ​အောက်မှာ ထိုင်းနိုင်ငံသားအချို့က သူတို့ကိုမြန်မာနိုင်ငံကို ပြန်ပို့ပစ်ဖို့ မှတ်ချက်ပြုကြသလို ၊ငရုပ်သီး ​ဈေးနှုန်းက​နေ ရန်ဖြစ်တာဆိုပြီး ​နောက်​ပြောင်တဲ့မှတ်ချက်​တွေ​ရေးကြတာလည်း​တွေ့ရပါတယ်။ ​ဈေးထဲက ရန်ပွဲက ထိုင်းစစ်သား​တွေပါ ဝင်​ရောက်ဖြန်​ဖြေခဲ့ရတာမို့ ထိုင်းစစ်သား​​တွေ ပင်ပန်း​နေပြီလို့ ​ပြောဆို​ရေးသားကြတာတွေလည်း ​တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မဲဆောက်မြို့က ထိုင်းရဲတပ်ကြပ်အား ပစ်ခတ်ပြီးနောက် ထွက်ပြေးပုန်းရှောင်နေသော မြန်မာလူငယ်တစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ကုရပ်ကွက် 7/11စတိုးဆိုင်အနီးမှာ မြန်မာ လူငယ် နှစ်ဦးက ထိုင်းရဲတပ်ဖွဲ့ဝင်အား သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားရာ လတ်မြောက်နေသူကို ထိုင်းစစ်တပ်က အပူတပြင်းရှာဖွေနေပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလူငယ် ၁၉ဦး မနေ့ညက ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလူငယ် ၁၇၀၀လောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။