Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ကိုစစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ဖားကန့်တွင်လည်း တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်၊ဗန်းမော်မြို့ကိုအာဏာသိမ်းစစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲကြောင့် ပျက်စီးနေသည့် ဗန်းမော်မြို့တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ − Banmaw Scout Team

ဩဂုတ်−၂၅၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့ကိုအာဏာသိမ်းစစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့ကို လေကြောင်းမှ ဖိအားပေး တိုက်ခိုက်မှုလုပ်ဆောင်လျက်ရှိရာ ဩဂုတ် ၂၄ရက် ည ၈နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ပြီး ယနေ့ (ဩဂုတ် ၂၅ရက်) မနက် ၆နာရီတွင် ၁ကြိမ်၊ ၇နာရီ ၄၅ ဝန်းကျင်တွင် တကြိမ် ထပ်မံလေကြောင်းဗုံးကြဲခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“တခြား ထူးခြားတာ မကြားမိသေးပါ။ စကစ ဘက်က လေကြောင်းဗုံးကြဲပြီး ဒရုန်းနဲ့ လိုက်ပစ်နေတယ်လို့ပဲ ဒီမနက်သိရတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည်ဩဂုတ်လဆန်းတွင်ဗန်းမော်မြို့သို့ စစ်ရေယာဉ်သင်္ဘောများဖြင့် လက်နက်ခဲယမ်းများ ပို့ဆောင်နိုင်ခဲ့ပြီးနောက် လေကြောင်းပစ်ကူနှင့်အတူ မြေပြင်ထိုးစစ်ဆင်မှုများပြုလုပ်လျက်ရှိရာ KIA ပူးပေါင်းတပ်နှင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

ဖားကန့်မြို့နယ်တွင်လည်းစစ်အင်အားဖြည့်တင်းနေသည့်စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ယနေ့ ဩဂုတ် ၂၅ရက်မနက်တွင်လည်း ဖားကန့်ဒေသ အမှိုက်ပုံနေရာနှင့် မှော်ဝမ်းလေးဘက် နေရာ ဝန်းကျင်တွင် တိုက်ပွဲဆက်ရှိနေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု၊လေကြောင်းတိုက်ခိုက်လာမှုကြောင့်ဖားကန့်ပြည်သူများ ဂရုစိုက်နေထိုင်ကြရန်လည်း ၎င်းက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။