Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရောက်စစ်တပ် ဆေးကြောင်ပြီးသေနတ်ဖြင့်ပစ်၍ ဈေးသည်အပါအဝင် ပြည်သူအချို့ သေဆုံးဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ထပ်မံဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ယ‌နေ့(ဩဂုတ် ၂၅) နံနက်ပိုင်းတွင် မြို့အဝင်ဈေးအနီး၌ ဈေးသည်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦးအား ပစ်ခတ်သတ်ဖြတ်သွားပြီး ပစ်ခတ်မှုထွက်ကြည့်သည့် ရဲများကိုပါ ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။

၂၀၂၅ ဇွန်လအတွင်းက ဖားကန့်မြို့သို့ ဝင်လာခဲ့သည့် စစ်တပ်စစ်ကြောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဩဂုတ်−၂၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ထပ်မံဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ယ‌နေ့(ဩဂုတ် ၂၅) နံနက်ပိုင်းတွင် မြို့အဝင်ဈေးအနီး၌ ဈေးသည်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦးအား ပစ်ခတ်သတ်ဖြတ်သွားပြီး ပစ်ခတ်မှုထွက်ကြည့်သည့် ရဲများကိုပါ ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။

အင်အား ၁၀၀ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် နံနက် ၇နာရီခန့်တွင် ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ ပန်းတင်တံတားနှင့် ဈေးအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခြင်းဟု ဒေသခံများကပြောသည်။

” သူတို့စစ်ကြောင်းကို ကြည့်လို့ဆိုပြီး ပစ်တာ။ ဈေးသည်အမျိုးသမီးကြီးဆို ပွဲချင်းပြီးပဲ။ ရဲတွေကိုပါ ပစ်တာ။ အရပ်သားသေဆုံးတာက ၂ဦးသေချာပြီး ၄ဦးလည်း ကြားရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးသုံးထားပြီး ဆေးကြောင်နေသည်ဟု သံသယရှိကြောင်း ၎င်းတို့အား တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

” လုံးဝအပြင်မထွက်ကြပါနဲ့။ ဒီစစ်ကြောင်းက ဆေးကြောင်နေတာ။ အခုမနက်ဖြစ်စဉ်က တော်တော်လွန်ပါတယ်။ သူတို့စစ်ကြောင်းကို လှမ်းကြည့်လို့ ပတ်ပစ်သွားတာပါ”ဟု စစ်ကြောင်းနှင့် ထိပ်တိုက်တိုးခဲ့သည့် အဆိုပါအမျိုးသားက ပြောသည်။

ပြီးခဲ့သည့်ဇွန်လက ဖားကန့်ဒေသ ကာမိုင်း – လုံခင်းလမ်းအတိုင်း ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖားကန့်မြို့ကို ရောက်ရှိပြီးနောက် တိုက်ပွဲပြင်းထန်နေစဉ် ယခု ဩဂုတ်လဆန်းပိုင်းတွင် နောက်ထပ်စစ်ကြောင်း ဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ကချင်ဒေသကာကွယ်ရေးတပ်(KPDF) ယူနီဖောင်းများဖြင့် စစ်ရေးလှုပ်ရှားနေပြီး ဩဂုတ် ၂၃ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီးနှင့် ဒရုန်းငါးစင်း သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ဇွန်လက စစ်ကြောင်းဝင်ရောက်လာစဉ်ကလည်း လုံးခင်း-ဖားကန့်လမ်းပိုင်းတလျှောက် အရပ်သား ၃၀ဦးထက်မနည်းကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ဖားကန့်တိုက်ပွဲ ဆက်ပြင်းထန်နိုင်၍ စစ်ကောင်စီက လေကြောင်းမှလာရောက်တ်ိုက်ခိုက်နိုင်ကြောင်းနှင့် လက်နက်ကြီးများလည်း ပစ်ခတ်နေ၍ သတိပြုကြရန် KIA၊KPDFတပ်ဖွဲ့ဝင်များက ဒေသခံများအားသတိပေးထားသည်။

ယခုရက်ပိုင်း ဖားကန့်မြို့နယ်အတွင်း အမှိုက်ပုံ‌ကျေးရွာ၊ ရှရော်ခကျေးရွာ၊ မှော်မောင်းကုန်းကျေးရွာ၊ မှော်မောင်းလယန်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကို စစ်ကူ နဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြိုးစား​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်း​တွေကို လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ယာဉ်အချို့ မီးလောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook