Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းမှ ဗုံးကြဲ

ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားသည့်လမြန်ကျေးရွာကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှေ့တန်းတနေရာတွင် တွေ့ရသော KIA,KPDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-Sirinda

ဩဂုတ်−၂၆၊၂၀၂၅။လူအေး/People’s Spring

ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားသည့်လမြန်ကျေးရွာကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

လမြန်ကျေးရွာဘက်ကိုယနေ့(ဩဂုတ် ၂၆ရက်)နံနက်ပိုင်းကစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နေ့လယ် ၁နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဗုံးကြဲသွားခြင်းဟု ဝိုင်းမော်မြို့ခံတစ်ဦးကပြောသည်။

” မြေပြင်ကနေမတက်ရဲတော့ လက်နက်ကြီးနဲ့လေကြောင်းပစ်နေတာ။ လမြန်ရွာက ရာဘာတောဘက်ကိုမဲနေတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဝိုင်းမော်မြို့ ခလရ(၅၈)တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်‌နေခြင်းဖြစ်သည်။ ဧရာဝတီမြစ်ကူးတံတားခြားလျက် မြို့ချင်းဆက်နေသော မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည်ဟု သတင်းရရှိသည်။

KIAနှင့်KPDFများထိန်းချုပ်ထားသည့်လမြန်ရွာကိုစစ်ကောင်စီက လက်နက်ကြီးရော လေကြောင်းမှပါ မကြာခဏ ပစ်ခတ်‌နေသည်။

ထို့အပြင် ပြန်လည်ထ်ိုးစစ်ဆင်ရန်အတွက် တင့်ကားများလည်း ပြင်ဆင်ထားသည်ကိုတွေ့ရသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်၂၄ရက်ညကမြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှနေ၍ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ရာ ရမ်ပူရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်သည် လက်ရှိတွင် ဖားကန့်နှင့် ဗန်းမော်မြို့တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။

ဗန်းမော်မြို့၌ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၂၁) အပါအဝင် နေရာ သုံးနေရာထက်မနည်းတွင် ယနေ့(ဩဂုတ်၂၆ရက်) တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့တွင်လက်ကျန်တပ်စခန်းများအားလုံးသိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်က ကြိုးပမ်းနေသလို စစ်ကောင်စီတပ်ကလည်း ယခင် ဆုံးရှုံထားသည့် နေရာများ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရာ အပြန်အလှန် ထိုးစစ်ဆင်မှုနှင့်အတူ တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေသည်ဟု ဆိုသည်။

“ဗန်းမော်ဘက်တော့တိုက်ပွဲတော်တော်ပြင်းထန်တယ်။ ရက်ရက် စက်စက် ပြင်းထန်တယ်နော်။ ဒီနေ့လည်း လေကြောင်း ပစ်ကူ က ၁၃ကြိမ်ရှိတယ်။ စကခ(၂၁) ဝန်းကျင်မှာပဲ။ စကခ(၂၁)နဲ့ ၂၃၆၊ သံချပ်ကာ တပ်ရင်း အဲဒီနားတ၀ိုက်မှာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခလရ(၂၃၆)တပ်ရင်းနှင့် သံချပ်ကာတပ်ရင်းကို KIAက ယခင်ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook