Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတားမှာ ကား​တွေ​ပေါ်ကလူငယ်​တွေကိုစစ်တပ်ကပေါ်တာဆွဲ

စစ်ကိုင်းမြိုအဝင်ရတနာပုံတံတား(စစ်ကိုင်းတံတား)မှာဒီနေ့မနက်ပိုင်းကဖြတ်သန်းသွားလာသူတွေနဲ့ ခရီးသည်တင်ကားတွေကိုဒီက​နေ့စစ်တပ်က ပေါ်တာဆွဲသွားတယ်လို့ဒေသခံတွေက​ပြောပါတယ်။

စစ်​ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၁၅)တက်​ရောက်ရန်လူငယ်များကို​သယ်ဆောင်​လာစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

■အမျိုးသမီးများကိုပါ စစ်တပ်က​ပေါ်တာဆွဲဟု​ဒေသခံအချို့​ပြော

ဩဂုတ်-၂၈၊၂၀၂၅၊မေ/People’s Spring

စစ်ကိုင်းမြိုအဝင်ရတနာပုံတံတား(စစ်ကိုင်းတံတား)မှာဒီနေ့မနက်ပိုင်းကဖြတ်သန်းသွားလာသူတွေနဲ့ ခရီးသည်တင်ကားတွေကိုဒီက​နေ့စစ်တပ်က ပေါ်တာဆွဲသွားတယ်လို့ဒေသခံတွေက​ပြောပါတယ်။

ဩဂုတ်လ၂၈ ရက်၊မနက် ၇နာရီလောက်ကစတင်ပြီးတပ်မ (၃၃)ထဲကစစ်ကားတွေထွက်လာပြီး တံတား ပေါ်နဲ့ တံတားအနီးမှာ ဖြတ်သန်းသွားလာသူ တွေကို ပေါ်တာဆွဲ နေတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒီတံတားက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မနက်ခင်းတွေမှာ၂ရက်ခြားတခါ လောက်ဆွဲတယ်။ဒါပေမယ့် ဒီတခေါက်ထူးဆန်းတာကမိန်းမတွေပါဆွဲတယ်လို့ပြောတယ်”လို့ ပြည်သူတဦးကပြောပါတယ်။

ပေါ်တာဆွဲခံရမှုမှာ မနက်ခင်းအလုပ်သွားဖို့ထွက်လာတဲ့ အခြေခံအလုပ်သမားတွေပါသွားပြီးဆိုင်ကယ်တွေပါယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီစစ်ကိုင်းတံတားဟာ မန္တလေး- စစ်ကိုင်းကိုသွားလာဖို့အတွက် အဓိက အသုံးပြုရတဲ့ နေရာဖြစ်ပြီး စစ်တပ်က ဒီတံတားမှာ မကြာခဏ ပေါ်တာဆွဲ လေ့ရှိတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဩဂုတ်လ၂၃ ရက်နေ့က တပ်မ (၃၃)ထဲက နေမုံရွာနမခထဲကို စစ်သား​တွေ ကား၈စီးပို့ပြီး နောက်အခုလို ထပ်မံ ပေါ်တာဆွဲလာတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။