Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့ လာအိုမှာ ကလေးသူငယ် မဖွယ်မရာ ပုံရိပ်တွေ မှတ်တမ်းယူခဲ့သူ ဂျပန်နှစ်ဦး အဖမ်းခံရ

မြန်မာနဲ့ လာအို နိုင်ငံတွေမှာ ကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနဲ့ လာအို နိုင်ငံတွေမှာ ကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အိုဆာကာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် သွားဆရာဝန် ယိုရှီဟီရို ရှီရိုင်နဲ့ အသက် ၆၅ နှစ်အရွယ် နာဂိုယာ ဒေသခံ ကာဇူဟီကို ယူဂျီတို့ဟာ သီးခြား ဖြစ်စဉ်နှစ်ခုအတွက် ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လာအိုမှာ ကလေးသူငယ် ပြည့်တန်ဆာမှုနဲ့ ဆက်စပ်တဲ့ အမှုအခင်း ကျူးလွန်သူ ဂျပန်နိုင်ငံသားတွေကို ဂျပန်ဥပဒေအတိုင်း အရေးယူမယ်လို့ သတိပေးပြီး မကြာခင်မှာ အခုလို ဖမ်းဆီးမှုတွေ ဖြစ်လာတာပါ။

ဇွန်လတုန်းက ဂျပန်နိုင်ငံသားတွေဟာ လာအိုမှာ ကလေးသူငယ် ပြည့်တန်ဆာမှုနဲ့ ဆက်စပ်တဲ့ အထောက်အထား ပို့စ်တွေကို လူမှုကွန်ရက်တွေမှာ စတင် တွေ့မြင်လာရတယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဂျပန်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ရှီရိုင်ဟာ မနှစ်က အောက်တိုဘာလတုန်းက မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် တစ်ဦးရဲ့ မဖွယ်မရာ ဓာတ်ပုံကို ရိုက်ယူလာခဲ့တယ်လို့ သိရပါတယ်။ ရှီရိုင်ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ယူဂျီကတော့ မတ်လတုန်းက ဟိုတယ်တစ်ခုမှာ မိန်းကလေးငယ် တစ်ဦးရဲ့ မမြင်အပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဗီဒီယို ချောင်းရိုက်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။ သူကတော့ စုံစမ်းမေးမြန်းမှုတွေနဲ့ ပတ်သက်လို့ ဘာတုံ့ပြန် မှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

ရဲတွေက ရှီရိုင်ဆီမှာ မဖွယ်မရာ ဓာတ်ပုံနဲ့ ဗီဒီယို ၁၀၀၀၀ ကျော်၊ ယူဂျီဆီမှာ ၁၀၀၀ ကျော် ရှာဖွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

ယူဂျီနဲ့ ရှီရိုင်တို့ရဲ့ အမှုတွေက သီးခြားစီ ဖြစ်နေပေမယ့် ပြည်ပမှာ ကလေးသူငယ် ပြည့်တန်ဆာမှုနဲ့ ဆက်နွှယ်တဲ့ သတင်းအချက်အလက်တွေကို အပြန်အလှန် ဝေမျှတာတွေ ရှိခဲ့ကြောင်းလည်း မိုဘိုင်းဖုန်း မှတ်တမ်း အချက်အလက်တွေအရ ရဲတွေက စိစစ် အတည်ပြုထားပါတယ်။

ကိုးကား: Japan Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။