Connect with us

Hi, what are you looking for?

သတင်း

အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ စစ်ကိုင်းတိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒီကနေ့ (သြဂုတ် ၃၁)မှာ လှုံ့ဆော်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့နယ်လူထုသပိတ်

သြဂုတ်-၃၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒီကနေ့ (သြဂုတ် ၃၁)မှာ လှုံ့ဆော်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ “အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားနဲ့ စျေးတစ်နေရာမှာ စျေးသူစျေးသားတွေကို အတုအယောင်ရွေးကောက်ပွဲကိုကန့်ကွက်ဆန္ဒပြဖို့တိုက်တွန်းနိူးဆော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း “ရွှေဥက္ကံ” လူထုသပိတ်စစ်ကြောင်းမှ စကစက ပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံး ဆန့်ကျင်ဖို့ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ကျေးရွာများ လူထုသပိတ်မှ တော်လှန် ကျောင်းသားမိဘပြည်သူတွေဟာ စစ်အုပ်စုက မကြာခင်မှာ ကျင်းပပြုလုပ်ဖို့ စီစဥ်နေတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို အလိုမရှိဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက စစ်အုပ်စုရဲ့တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့ဆန့်ကျင်ကြဖို့အတွက် ကျောင်းသားပြည်သူတွေနဲ့ စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင်စစ်တပ်စိုးမိုးတဲ့ဒေသတွေမှ ပြည်သူတွေအနေနဲ့လည်းအတုအယောင်ရွေးကောက်ပွဲကို အလုံခြုံဆုံး နည်းလမ်းတွေနဲ့ ဆန့်ကျင်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။