Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးအနောက်ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်မီးတင်ရှိို့

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်အနောက်ခြမ်းကကျေးရွာဘက်ကို စစ်ကောင်စီ တပ်စစ်ကြောင်း တကျော့ပြန် ပြန်ဝင်လာပြီးနောက် ရွာတွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နွားထိုးကြီးနယ်က ကျေးရွာတစ်ရွာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမီးရှို့ခံရပြီးနောက်တွေ့ရပုံ ဓာတ်ပုံ - Zeroပြောက်ကျားတပ်ဖွဲ့

စက်တင်ဘာ -၃ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်အနောက်ခြမ်းကကျေးရွာဘက်ကို စစ်ကောင်စီ တပ်စစ်ကြောင်း တကျော့ပြန် ပြန်ဝင်လာပြီးနောက် ရွာတွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ဟာ သြဂုတ်လ ၁၆ ရက်ကစတင်ပြီး နွားထိုးကြီးမြို့နယ်ထဲမှာ ဝင်မွှေခဲ့ပြီး ၉ ရက် အကြာ သြဂုတ် ၂၄ ရက်မှာပြန်လည်ထွက်ခွာသွားခဲ့တာပါ။

ဒါပေမယ့်ရက်ပိုင်းအကြာမှာပဲ သြဂုတ်လ ၃၁ ရက်မှာတော့ နွားထိုးကြီး အနောက်ခြမ်းက မာန်လည်ရွာကို စစ်ကြောင်းဝင်လာပြီး ရွာကို မီးတင်ရှို့ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၂ ရက်မှာ တော့ မာန်လည်ရွာရဲ့ မြောက်ဘက် တစိုးရွာကို စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့ခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။

စစ်ကြောင်းပြန်ထွက်သွားတဲ့အတွက် ရွာတွေဆီ ဒေသခံတွေက နေရပ်ပြန်လာပေမယ့် သိပ်မကြာခင်မှာ အခုလို စစ်ကြောင်းထိုးတာနဲ့ ထပ်ကြုံရတာပါ။

တစိုးကျေးရွာထဲရှိ နေအိမ်တွေက ပစ္စည်းတွေကို စိတ်ကြိုက် ယူဆောင်ပြီး မီးတင်ရှို့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ခန့်က ဒေသခံ ထောင်ဂဏန်း ထွက်ပြေးနေရပါတယ်။

နွားထိုးကြီးမြို့နယ်ထဲ စစ်ကြောင်းထိုးရာမှာ မြင်းခြံနယ်က သီတာယုမွန်ရဲ့ ပျုစောထီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ