Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတားမှာပေါ်တာဆွဲလို့ဖြတ်သန်းသွားလာသူ နည်းပါး

စစ်ကိုင်းတံတားမှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် ဖြတ်သန်းသွားလာသူနည်း​ပါးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့အဝင်စစ်ကောင်စီဂိတ်ကိုတွေ့ရစဥ်။ ဓါတ်ပုံ-CJ

စက်တင်ဘာ-၆၊၂၀၂၅။​ဇေအောင်/People’s Spring

စစ်ကိုင်းတံတားမှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် ဖြတ်သန်းသွားလာသူနည်း​ပါးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာလဆန်းကစပြီးစစ်ကိုင်းမြို့အဝင်စစ်ကိုင်းတံတား(ရတနာပုံတံတား)အဆင်းမှာစစ်ကောင်စီစစ်ဆေးရေးဂိတ်က အမျိုးသားတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေလို့ ဖြတ်သန်းသွားလာသူ နည်းပါသွားရခြင်းဖြစ်ကြောင်းမြို့ခံတွေကပြောပါတယ်။

“ဘယ်သူမှမဖြတ်ရဲကြတော့ဘူး။ မနက်အစောတွေကအစ ထဖမ်းတာ။ စစ်ကိုင်းမြို့ပေါ်မှာလည်း ခြောက်ကပ်နေတာပဲ”လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတဦးကပြောပါတယ်။.

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာဆိုင်ကယ်တွေကိုသာမက ကားနဲ့လာသူတွေကိုပါ ဖမ်းဆီးနေတာကြောင့် ဖြတ်သန်းသွားလာသူ နည်းပါသွားပြီး ယာဥ်လိုင်းတွေပါ ရပ်နားသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ ၅ ရက် မနက်ပိုင်းကလည်းရတနာပုံတံတားအဆင်းမြို့အဝင်ဂိတ်မှာလူငယ်အများအပြား ဖမ်းဆီးခံရပြီး တပ်မ ၃၃ ထဲ ပို့ဆောင်ခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“စစ်ကိုင်းမှာကဖမ်းဖမ်းချင်းရပ်ကွက်ရုံးအရင်ခေါ်သွားတယ်။အဲမှာလိုက်ညှိနိုင်ရင်ရာချီကုန်ရင် ပြန်လွတ်တယ်။ တပ်မ ၃၃ ထဲ ရောက်သွားရင်တော့ ခက်သွားပြီ။”လို့အခြားစစ်ကိုင်းမြို့ခံအမျိုးသားတဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးမှုတွေကြောင့် စစ်ကိုင်းဘက်ကနေ မန္တလေးမြို့ဘက်အလုပ်လာလုပ်ကြတဲ့လူငယ်တွေလည်း လုပ်ငန်းတွေ ရပ်နားလိုက်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့စစ်ကိုင်းတံတားဂိတ်ဟာလူငယ်တွေကိုပေါ်တာဆွဲငွေညှစ်တာတွေအပြင်ကားသမားတွေကိုပါ တင်လာတဲ့ကုန်စည်တွေအပေါ်မူတည်ကာ ငွေညှစ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

စစ်ကိုင်းတံတားမှာ မီနီအိုးဝေသမားတစ်ဦး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီး အိုးဝေကိုပါ သိမ်းဆည်းခံလိုက်ရကြောင်း စစ်ကိုင်းဒေသခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့ကလေးဆေးရုံကြီးမှာဆေးရုံလာတက်နေတဲ့စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကလေးငယ်တွေရဲ့ဖခင်နှစ်ဦးဟာအာဏာသိမ်းစစ်တပ်အတွက်ပေါ်တာဆွဲခံရပြီးနောက်ဝေဖန်မှုတွေ မြင့်တက်လာချိန်မှ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

Trending

Facebook