Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးတယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDFက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့် ရဲဘော်များကို တွေ့ရစဥ်။ဓာတ်ပုံ − YDF

စက်တင်ဘာ-၉၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးတယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDFက ထုတ်ပြန်ပါတယ်။

မနေ့က(စက်တင်ဘာ ၈ ရက်) မနက် ၇နာရီလောက်မှာ အင်အား ၈၀နဲ့ ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိမှု မရှိဘူးလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ထီးလင်းမြို့ရဲ့ အပေါ်ဘက်ခြမ်းပဲ။ထန်းပင်းကုန်း နဲ့ မြို့ကြားက ပုဏ္ဏားရွာရှိသေးတယ်။မနေ့က ကြားတာတော့ အဲဒီရွာဘက်တိုက်ပွဲ ဖြစ်ပြီး စကစဘက်က မြို့ပေါ်ကို ပြန်ဆုတ်သွားရတယ်”လို့ ထီးလင်း မြို့နယ်ဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ခုခံနိုင်ခဲ့တယ်လို့လည်း YDFရဲ့ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ၄၀၀ ဝန်းကျင်လောက်ရှိတဲ့ ထီးလင်းမြို့ပေါ်ကလွဲလို့ မြို့နယ်ဧရိယာအများစုကို တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားပါတယ်။

စစ်ကောင်စီက နယ်မြေပြန်ထိန်းချုပ်ဖို့ ထီးလင်းမြို့နယ်မှာ မကြာခဏစစ်ကြောင်းထိုးတာရှိပေမယ့် မြို့ပေါ်ကိုပဲ ပြန်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ စက်တင်ဘာ ၅ ရက်က လေကြောင်းကနေ ထီးလင်းမြို့ပေါ်ကို စားနပ်ရိက္ခာနဲ့ခဲယမ်းတွေ ဖြည့်တင်းထားပါတယ်။

စစ်ကောင်စီရဲ့ အရေးပေါ်ကြေညာထားတဲ့ ၆၃​မြို့နယ်မှာ မကွေးတိုင်းထဲက ထီးလင်း၊ပေါက်၊မြိုင်၊ဆောနဲ့ ရေစကြိုမြို့နယ်တွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook