Connect with us

Hi, what are you looking for?

သတင်း

ပေါက်မှာ PDF ခဲယမ်းသိုလှောင်စခန်း မီးလောင်ဆုံးရှုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Rocket Figherတပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင် ပေါက်ကွဲပြီး ကျပ်သိန်း ၅၀၀ဖိုးခန့် ဆုံးရှုံးသွားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သည့် ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ − Rocket Figher

စက်တင်ဘာ−၁၁၊ ၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Rocket Figherတပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင် ပေါက်ကွဲပြီး ကျပ်သိန်း ၅၀၀ဖိုးခန့် ဆုံးရှုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က ပေါက်မြို့နယ်အခြေစိုက် Rocket Figher တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်ခန်းတခု ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ အဲဒီတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။

“ဗုံးသီးတွေ သူအလိုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ကျည်ကာဦးထုပ်၊ အီကွေးမန့်၊ ယူနီဖောင်း၊ သေနတ်၊ ဗုံးသီးအချို့နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတော်တော်များများပါသွားပါတယ်”လို့ ၎င်းကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ချိန် ရဲဘော်တွေရောက်ရှိလာခဲ့ပြီးမီးငြိမ်းသတ်နိုင်ခဲ့ပေမဲ့ နာရီဝက်ကြာ လောင်ကျွမ်းခဲ့တာကြောင့် ခဲယမ်းပစ္စည်းများအပါအဝင် ကျပ်သိန်း ၅၀၀ ဖိုးခန့် ဆုံးရှုံးခဲ့တယ်လို့ Rocket Figher တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ်ထဲမှာ မနေ့က စက်တင်ဘာ ၁၀ ရက်နေ့ကပဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။