Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ ကရင်နီမှာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ ဆန္ဒပြ

ရန်ကုန်၊ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရွှေပြည်သာသပိတ်

စက်တင်ဘာ-၁၅၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်၊ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ သပိတ်ကော်မတီဝင်တွေက “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားပါ စတေကာတွေကပ်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း စတေကာကမ်ပိန်းလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာလည်း ဒီကနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် ကယန်းဒေသအသီးသီးရှိ လူငယ်တွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စာသားပါ ဓာတ်ပုံကမ်ပိန်းတရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာလည်း သပိတ်ကော်မတီဝင်တွေက “သင်မဲ့ဖြင့် တရား၀င် လူသတ်ခွင့်မပေးနဲ့” စာသားချိတ်ဆွဲပြီး ပြည်သူလူထုအား ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ဆန့်ကျင်ဖို့ သတင်းစကားပေးခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွေးကောက်ပွဲအလိုမရှိကြောင်း သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတို့ ပူးပေါင်းဆန္ဒပြခဲ့ပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်