Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှ တပ်သားသစ်တစ်ဦး လက်နက်နဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဓဝယ်အ မျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို တွေ့ရစဥ်။ ဓာတ်ပုံ - DNLA

စက်တင်ဘာ-၁၈၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဓဝယ်အ မျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအပတ်စဥ်(၁၉)ဆင်း တပ်သားရဲသိန်းနိုင်ဟာ စက်တင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီတပ်လက်အောက်ကနေ ထွက်ပြေးခဲ့ပြီး DNLA တပ်ဖွဲ့ထံ အလင်းဝင်လာတာလို့ သိရပါတယ်။

အဲဒီစစ်မှုထမ်းသင်တန်းဆင်း တပ်သားရဲသိန်းနိုင်ဟာ ခမရ-၄၀၆ မှာ တာဝန်ချထားခံရသူဖြစ်ပြီး အလင်းဝင်လာချိန်မှာ သူနဲ့အတူ MA1 အမျိုးအစားသေနတ်တစ်လက်၊ ကျည်ဘောက်လေးခု၊ ကျည် ၁၈၀ တောင့်ယူဆောင်လာတယ်လို့ DNLA က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် တပ်သားရဲသိန်းနိုင်ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)မှ ကျပ်သိန်း ၅၀ ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်ခဲ့တဲ့အပြင် ၎င်းသွားရောက်လိုတဲ့ လွတ်မြောက်နယ်မြေတစ်ခုသို့ ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

“အခုအလင်းဝင်လာတာကတော့ ထားဝယ်မြို့ကနေ ပကာရီရွာ နယ်မြေရှင်းစစ်ကြောင်းကနေ ထွက်ပြေးလာတာပါ။ ရဲတစ်ယောက်အပါအဝင် ​လေးယောက်ရှိပါပြီခင်ဗျာ”လို့ DNLA တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

DNLA တပ်ဖွဲ့ထံ တပ်သားရဲသိန်းနိုင်အပါအဝင် လေးဦးမှာ သုံးဦးက လက်နက်နဲ့တကွ အလင်းဝင်လာတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့နယ်အပါအဝင် ထားဝယ်ခရိုင်ထဲက မြို့နယ်တွေမှာ မြေပြင်စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေသလို မနေ့(စက်တင်ဘာ ၁၇ရက်)ကဆိုရင်လည်း လေယာဥ်နဲ့ ဗုံးပတ်ကြဲတာတွေ လုပ်ခဲ့တာကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။