Connect with us

Hi, what are you looking for?

သတင်း

မောတောင်လမ်းတိုက်ပွဲစစ်ကောင်စီတပ်အချို့သေ၊လက်နက် ၂လက်ထပ်ရဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား‎ ယနေ့ စက်တင်ဘာ ၁၈ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းရဟု KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ သိမ်းဆည်းရရှိသော အာဏာသိမ်းစစ်တပ်၏လက်နက်။ ဓာတ်ပုံ − KNU

စက်တင်ဘာ−၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား‎ ယနေ့ စက်တင်ဘာ ၁၈ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းရဟု KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများဆက်တိုက်ဖြစ်နေသည့် ထိုင်း-မြန်မာနယ်စပ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆက်လက်ပြုလုပ်လာ၍ ယနေ့ စက်တင်ဘာ ၁၈ရက် မနက်က တိုက်ပွဲဖြစ်ခဲ့ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

” နေ့တိုင်း တိုက်ပွဲက ရှိတယ် သိန်ခွန်းဘက်မှာ။ ပြီးခဲ့တဲ့ သုံးလေးရက်မှာလည်းဖြစ်တယ်။ ဒီနေ့မှာလည်းထပ်ဖြစ်တယ်”ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၂ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ MA1-(၁)လက်၊ MA3-(၁)လက်၊ လက်ပစ်ဗုံး(၁)လုံးနှင့် ကျည်များ သိမ်းရဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် မောတောင်နယ်စပ်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး သိန်ခွန်းရွာအနီး တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားလျက်ရှိကာ ရှေ့ဆက်မတိုးနိုင်ဖြစ်နေသည်။

အဆိုပါ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၁၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။