စက်တင်ဘာ−၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ရှိသူက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသဦးဆောင်မှု၊ ကသာခရိုင်တပ်ရင်းတပ်ဖွဲ့များ၏ ပါဝင်မှုဖြင့် ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးကို စက်တင်ဘာ ၁၅ရက်က စတင်ခဲ့ခြင်းဖြစ်သည်။
မြို့သိမ်းစစ်ဆင်ရေး အခြေအနေများ မေးမြန်းရာ မြို့နယ်ပအဖ တာဝန်ရှိသူက စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအခြေအနေကို ပြောပြီး တိုက်ပွဲအခြေအနေများကို လတ်တလော ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement
စက်တင်ဘာ ၁၉ရက်တွင် စစ်ကောင်စီက ဗန်းမော်မြို့ကို လေယာဉ် ၂စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ဟု မြို့နယ် ပအဖ တာဝန်ရှိသူက ပြောသည်။
စက်တင်ဘာ ၁၉ရက် မနက် ၁၀နာရီခွဲ၊ ၁၀နာရီ ၃၅၊ ၁၀နာရီ ၄၀ နှင့် ၁၀ နာရီ ၄၅မိနစ်များတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဆိုသည်။
“အထိအခိုက်မသိရသေးပါ”ဟု မြို့နယ် ပအဖ တာဝန်ရှိသူက ပြောသည်။
မြို့သိမ်းစစ်ဆင်ရေး အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။
ဒေသစစ်ရေး သတင်းရင်းမြစ်အချို့၏ ပြောပြချက်အရ ဗန်းမောက်မြို့တိုက်ပွဲတွင်စစ်ကောင်စီတပ်နှင့်ရှမ်းနီSNAတပ်စခန်းအချို့ကို တော်လှန် ရေး ပူးပေါင်းတပ်က သိမ်းရထားသည်ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်နှင့် SNAက ဗန်းမောက်မြို့နေ ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြုပြီး စစ်ရှောင်ခွင့်မပေးဟု သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှု အချို့ရှိသည်ဟုဆိုသည်။


















































