Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်​ကြောင်း တပ်ပေါင်းစုရဲ့ ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီက​နေ့မှာဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒ​ပြခဲ့ကြပါတယ်။

စက်တင်ဘာ-၂၁၊၂၀၂၅။People’s Spring

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီက​နေ့မှာဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒ​ပြခဲ့ကြပါတယ်။

စက်တင်ဘာ၂၁ ရက် မနက်ပိုင်းကဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု၊ ယင်းမာပင်မြို့နယ်သပိတ်အင်အားစု၊ မုံရွာပင်မလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ တကသကျောင်းသားဟောင်းများအင်အားစု ရန်ကုန်နဲ့ ဒဂုံတက္ကသိုလ်ကျောင်း

သားများသမဂ္ဂတို့ ပူးပေါင်းပြီး ပြည်သူများနဲ့အတူ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်များနဲ့ ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်တပ်အတွက် နိုင်ငံရေးထွက်ပေါက် တခုသာ ဖြစ်ပြီး ပြည်သူလူထုအတွက် ထောင်ချောက်ဆိုတာကို ကျေးရွာတွေဆီ လှည့်ပြီး သပိတ်တရားဟောခဲ့ကြတယ်လို့ သိရပါတယ်။

(ဓါတ်ပုံ၊ Aung Khant Zaw ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။