Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့အဝင်စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရမှာကြောက်လို့ ဂိတ်စွန့်ထွက်ပြေးသွား

စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ဖို့သွားရာ စစ်ကောင်စီတပ်သားတွေ ကြောက်လန့်ထွက်ပြေးသွားခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ (UGF)က ထုတ်ပြန်ပါတယ်။

ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ (UGF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - UGF

စက်တင်ဘာ-၂၇ ၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ဖို့သွားရာ စစ်ကောင်စီတပ်သားတွေ ကြောက်လန့်ထွက်ပြေးသွားခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ (UGF)က ထုတ်ပြန်ပါတယ်။

မနေ့က(စက်တင်ဘာ ၂၆ရက်) ဝါးချက်ကျေးရွာတောင်ဘက်က စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ကားနဲ့ထွက်ပြေးတိမ်းရှောင်သွားလို့ ပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ ဂိတ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

“ဝါးချက်က စစ်ကိုင်းမြို့နဲ့ နှစ်မိုင်သုံးမိုင်လောက်ဝေးမယ်။မြို့ အရှေ့ဘက်ခြမ်းမှာရှိတာ။ဂိတ်မှာက ပစ(ပြည်သူ့စစ်)တွေ များတယ်။အင်အား ၁၀ယောက် ဝန်းကျင်တော့ရှိတယ်”လို့ စစ်ကိုင်းမြို့ခံစစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက ဆုတ်ခွာရာလမ်းရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်လို့ ဝါးချက်ကျေးရွာက ကလေးငယ်တဦး လက်နက်ကြီးထိမှန်ပြီး ပယ်ငါးဆယ်ကျေးရွာက လူလတ်တဦး ပေါင်ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ UGF က အသိပေးပါတယ်။

တပ်ဖွဲ့ဝင်တွေက သေနတ်တစ်ချက်မှ ပစ်ဖောက်ခြင်းမရှိဘဲ ဆုတ်ခွာလာခဲ့ပေမယ့် စစ်ကောက်စီတပ်ဘက်က ဝါးချက်နဲ့ အနီးကျေးရွာတွေကို မရပ်မနားတရစပ် ပစ်ခတ်ဝင်ရောက်တာတွေ ရှိနေတယ်လို့လည်း ဖော်ပြပါတယ်။

ဒါကြောင့်ပြည်သူတွေ အနေနဲ့ စစ်ကောင်စီ တပ်သားတွေ ရောက်ရှိလာခဲ့ရင် သတိနဲ့ နေထိုင်ကြဖို့ UGFက တိုက်တွန်းပါတယ်။

UGF တပ်ဖွဲ့က စစ်ကိုင်းမြို့နယ်ထဲမှာ ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ကို ရှင်းလင်းတာအပါအဝင် သြဂုတ်အတွင်းက စစ်ကိုင်းမြို့နယ်ထဲ အင်အား ၁၀၀ ကျော်နဲ့ဝင်လာတဲ့စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။