Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်မှာတိုက်ပွဲဖြစ်လို့ စစ်ရှောင်တဲ့ ပြည်သူ၁၅၀လောက်ကို စစ်တပ်ဖမ်းဆီး

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၁၅၀လောက်ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ အဲဒီမြို့ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တွေ့ရစဉ်။ဓာတ်ပုံ - သုညသုခ ပရဟိတ လူငယ်အသင်း

စက်တင်ဘာ-၃၀၊၂၀၂၅၊မေ/People’s Spring

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၁၅၀လောက်ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ အဲဒီမြို့ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်က မြကန်သာကျေးရွာမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မြကန်သာ၊ သရက်ကိုင်းနဲ့ တောင်ပုလု ကျေးရွာအနီးက စစ်ဘေးရှောင်ပြည်သူတွေဟာ မတ္တရာမြို့နယ်၊ စခန်းသာကျေးရွာဘက်မှာ စက်တင်ဘာ၂၈ ရက် ညနေပိုင်းလောက်က ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

“မြကန်သာဘက်တိုက်ပွဲဖြစ်တော့ ရှောင်ကြတာ မတ္တရာဘက်ကို ပြေးလာကြတာ။အခုက စစ်တပ်က စခန်းသာကိုပါ စစ်တပ်က ဝင်စီးနိုင်သွားပြီ။အဲဒီမှာ မိတာ။အနီးနားတွေကိုလည်း တောနင်းရှာ နေတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်တွေကို စစ်ဆေးနေတဲ့ သတင်းကိုသာ နောက်ဆုံးရထားပြီး နောက်ဆက်တွဲ အခြေအနေကိုလည်း မသိရသေးဘူးလို့ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အင်အား၁၂၀လောက်ပါပြီး စခန်းသာရွာကို လက်ရှိအထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ရက်ကလည်း အောင်ချမ်းသာ(ခ)ရွာသာယာရွာက စစ်ဘေးရှောင်ပြည်သူတွေဖမ်းဆီးခံခဲ့ရပြီး ကျီကုန်းရွာဘက်ကို ရောက်နေတဲ့ စစ်ကြောင်းက ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Facebook