Connect with us

Hi, what are you looking for?

သတင်း

မြဝတီရဲမှူး ဦးနှောက်သွေးကြောပြတ် သေဆုံး

တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးဟာ မနေ့ညက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ မြဝတီမြို့ခံတချို့က အတည်ပြုပါတယ်။

အောက်တိုဘာ-၂၊၂၀၂၅/ People’s Spring

တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးဟာ မနေ့ညက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ မြဝတီမြို့ခံတချို့က အတည်ပြုပါတယ်။

ရဲမှူးအောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက် ည၁နာရီက မြဝတီဆေးရုံမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မြဝတီမြို့ဟာ မြို့စောင့်တပ်ခလရ(၂၇၅)တပ်ရင်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားစဉ်နဲ့ ၂၀၂၄မတိုင်မီမှာ မြို့ကို ကရင်နယ်ခြားစောင့်တပ်(BGF)က အဓိကထိန်းချုပ်ထားပါတယ်။ အဲဒီကာလတွေမှာ မြဝတီမြို့ပေါ်မှာ ရဲနဲ့ စစ်သားတွေ မတွေ့ရတော့ဘဲ ရဲတွေဟာ ရဲစခန်းထဲကအပြင်မထွက်ရဲတဲ့အထိ နေခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

၂၇၅ တပ်ရင်းထဲကို စစ်ကောင်စီတပ်သားတွေ ပြန်ရောက်ပြီး နောက်ပိုင်းမှာတော့ ရဲတွေဟာ မြဝတီမြို့ပေါ်မှာ လှုပ်ရှားလာပြီး ပေါ်တာဆွဲတာနဲ့ CDMတွေ ဖမ်းဆီးတာတွေ စတင်လုပ်လာပါတယ်။

ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေလို့ တော်လှန်ရေးတပ်တွေက ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ၂ကြိမ်ထက်မနည်း လုပ်ခဲ့ပါသေးတယ်။

၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်ကလည်း မြဝတီမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲတိုက်ခိုက်ခံရလို့ ရဲ၃ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။