Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို PDF ဖမ်းမိ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဒေသတွင်းမှာ အန္တရာယ်ကြီးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို အရှင်ဖမ်းမိထားတယ်လို့ တန့်ဆည် PDF ဆီကနေ သိရပါတယ်။

ဖမ်းမိထားတဲ့ ပျူစောထီးခေါင်းဆောင်။ ဓာတ်ပုံ - တန့်ဆည် PDF

အောက်တိုဘာ-၂၊ ၂၀၂၅။ လူအေး/People’s Spring

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဒေသတွင်းမှာ အန္တရာယ်ကြီးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို အရှင်ဖမ်းမိထားတယ်လို့ တန့်ဆည် PDF ဆီကနေ သိရပါတယ်။

ကာဘိုးရွာကနေ ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ တန့်ဆည်မြို့ တောင်ဘက်က ရွာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။

“တန့်ဆည်တောင်ခြမ်းကို မြေပြင်ကနေ စစ်ကြောင်းနှစ်ကြောင်းဖြန့်ပြီး စစ်ကြောင်းထိုးလာသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်နေပါတယ်။ နောက်ဆုံးအခြေအနေက စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းပေါင်းသွားပြီလို့ ယူဆရပါတယ်။ ကျနော်တို့ ပျူစောထီးခေါင်းဆောင်တစ်ယောက်ဖမ်းမိထားပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေပါတယ်”လို့ တန့်ဆည် PDFက ရဲ‌ဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိနေပေမယ့် အသေးစိတ်မသိရသေးဘူးလို့ သူက ပြောပါတယ်။ စက်တင်ဘာ ၃၀ရက်က တိုက်ပွဲမှာတော့ ပျူစောထီးခေါင်းဆောင်တစ်ဦး အရှင်ဖမ်းမိခဲ့တာလို့ သိရပါတယ်။

“ပျူစောထီးအသိုင်းအဝိုင်းမှာတော့ အရေးကြီးတဲ့လူပဲ။ သူ့ကို အရှင်ရအောင်ဖမ်းခဲ့တာပါ” လို့ တန့်ဆည် PDFက ရဲ‌ဘော်တစ်ဦးကပြောပါတယ်။

ဖမ်းမိထားတဲ့ ပျူစောထီးခေါင်းဆောင်ရဲ့ အချက်အလက်နဲ့ ပတ်သက်လို့ လုံခြုံရေးအခြေအနေအရ အသေးစိတ်မထုတ်ပြန်သေးဘူးလို့ တန့်ဆည်PDF က ပြောပါတယ်။

စစ်ကောင်စီရဲ့ အမာခံဒေါက်တိုင်ဖြစ်တဲ့ ဘုန်းကြီးဝါသဝဟာ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေမှာ ပျူစောထီးအများအပြား စုဆောင်းထားပြီး စစ်သင်တန်းပေးနေပါတယ်။ အခုဖမ်းမိတဲ့ ပျူစောထီးခေါင်းဆောင်က ဘုန်းကြီးဝါသဝနဲ့ ဆက်စပ်တယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းတွေဟာ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်ကိုလည်း စစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေပြီး တန့်ဆည်မြို့နယ်အတွင်းက ရွာဆယ်ရွာလောက် ဘေးလွတ်ရာရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ရက်က တန့်ဆည်မြို့နယ်အတွင်း ရေဦး-ကလေးဝလမ်းက ကံထူးမရွာကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား ၈ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်က စစ်ရှောင်စခန်း ၄ ခုထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း

■မိုးဆက်တိုက်ရွာနေသဖြင့်​​ရေ​ဘေးသင့်ပြည်သူ​တွေ သောက်သုံးရေနဲ့စားနပ်ရိက္ခာ အရေးပေါ်လို နေ

သတင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ရွှေလှန်ကျေးရွာမှာ ကလေးငယ် ၁ဦးနဲ့ အမျိုးသား ၁ဦး ရေစီးနဲ့ မျောပါပျောက်ဆုံးနေပြီး ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Facebook