Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ဆိုင်ကယ်သပိတ်ကို အောက်တိုဘာ ၁ရက်က ပြုလုပ်ခဲ့ပါတယ်။

Screenshot

အောက်တိုဘာ-၂၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ဆိုင်ကယ်သပိတ်ကို အောက်တိုဘာ ၁ရက်က ပြုလုပ်ခဲ့ပါတယ်။

ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ၊ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီနဲ့ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းဦးဆောင်ခဲ့တာပါ။

ဒါ့အပြင် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုးနဲ့ ရဲဘော်တွေလည်း လာရောက်ပူးပေါင်းဝန်းရံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြသူတွေဟာ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် ၊ မဲမပေးဘဲ သပိတ်မှောက်”၊ “လွတ်မြောက်ခြင်းသည် တော်လှန်ရေးမှတပါး တခြားမရှိ”၊ “လူထုအရေးတော်ပုံ မုချအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့ မိုးထဲရေထဲမှာ ချီတက်ခဲ့ကြပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို လူထုတရပ်လုံးက ဆန့်ကျင်ကြဖို့နဲ့ တော်လှန်ရေးကဏ္ဌအသီးသီးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ရင်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ချီတက်အရောက်သွားကြဖို့ကိုလည်း သပိတ်ကော်မတီဝင်တွေက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ချောင်းဦးမှာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် ပြုလုပ် အောက်တိုဘာ-၂၊၂၀၂၅။ သုည/People's…

Posted by People's Spring on Thursday 2 October 2025

ရုပ်သံ – ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ(CYSC)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ တိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။