Connect with us

Hi, what are you looking for?

သတင်း

ကွဲပြားသော အမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကျဲမှု၊ ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံးပေါင်းစည်း၍ တညီတညွတ်တည်းတိုက်ပွဲဝင်ရမည့်ကာလဟု PRA-Magway သဘောထားထုတ်ပြန်

တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် ကွဲပြားသော အမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကျဲမှုနှင့် ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံးပေါင်းစည်းကာ တညီတညွတ်တည်းတိုက်ပွဲဝင်ရမည့်ကာလဟု ယုံကြည်ကြောင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)က ဒီကနေ့ အောက်တိုဘာ ၂ ရက်နေ့ရက်စွဲဖြင့် သဘောထားတစောင် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ – ၂၊ ၂၀၂၅။ ဘမောင်/ People’s Spring

တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် ကွဲပြားသော အမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကျဲမှုနှင့် ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံးပေါင်းစည်းကာ တညီတညွတ်တည်းတိုက်ပွဲဝင်ရမည့်ကာလဟု ယုံကြည်ကြောင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)က ဒီကနေ့ အောက်တိုဘာ ၂ ရက်နေ့ရက်စွဲဖြင့် သဘောထားတစောင် ထုတ်ပြန်လိုက်ပါတယ်။

နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့တွေဟာ အလျားလိုက်ပုံံစံဖြစ်ထွန်းခဲ့ပြီး တော်လှန်ရေးကာလ ၅ နှစ်နီးပါးကြာမြင့်လာချိန်မှာတော့ တဖွဲ့ချင်းအားကောင်းမှု အကန့်အ သတ်ဖြစ်လာသလို တပ်ပေါင်းစုသဏ္ဍန်စုစည်းမှုလည်း အားနည်းခဲ့တယ်လို့ ဖော်ပြပါတယ်။

အခုချိန်မှာ စစ်ကောင်စီရဲ့ တကျော့ပြန်အားကောင်းလာမှုနဲ့အတူ ထိန်းချုပ်ဒေသတချို့ကို လက်လွှတ်ဆုံးရှုံးရတာတွေနဲ့လည်း ရင်ဆိုင်လာရတယ်လို့ PRA-Magway က ထောက်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ယနေ့အချိန်ဟာ တော်လှန်ရေးအင် အားစုအသီးသီးရဲ့ တပ်ပေါင်းစုမူဝါဒကို လက် တွေ့ကျကျကျင့်သုံးရမယ့်ကာဟု ယူဆကြောင်း ၎င်းတို့ရဲ့ သဘောထားအမြင်ကို PRA-Magway က ထည့်သွင်းဖော်ပြပါတယ်။

နွေဦးတော်လှန်ရေး ၅ နှစ်နီးပါးကာလအတွင်း ဖိနှိပ်မှုမျိုးစုံကို ခါးစည်းခံလာခဲ့ကြရတဲ့ လူထုမျက်နှာကိုငဲ့ကာ မိမိတသင်းတဖွဲ့အားကောင်းရေးထက် တော်လှန်ရေးတစုံလုံးအားကောင်းရေးကို ဦးတည်နိုင်ရမယ်လို့ ထုတ်ပြန်ပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)ဟာ မဟာမိတ်များနဲ့အတူ စစ်ရေးဖော်ဆောင်လျှက်ရှိရာမှာ အထူးသဖြင့် ငဖဲမြို့ နယ်ထဲက အမ်း-ပဒါန်းလမ်းတလျှာက်၊ ပုသိမ်-မုံရွာလမ်းနှင့် အမ်း-ပဒါန်းကြားဒေသတွေမှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုပါ။

စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ ကာလတလျှောက် စစ်ကောင်စီလက်အောက်ခံတပ်တွေဖြစ်တဲ့ တပ်မ (၉၉)နှင့် စကခ (၇)လက်အောက်ခံ တပ်ဖွဲ့ဝင် ၂၇ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးနိုင်ခဲ့သလို နိုင်ငံတကာစစ်သုံံ့ပန်းဥပဒေ၊ စည်းမျဥ်းတွေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့လည်း PRA-Magway က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲနှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော်သေဆုံးပြီး ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway)က ယနေ့ (ဧပြီ ၂၁ရက်) ထုတ်ပြန်သည်။