Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာ ၁နာရီအတွင်း မီးသုံးကြိမ်လောင်

ရန်ကုန်မြို့မှာ အောက်တိုဘာ ၇ ရက်ညက ၁နာရီအတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ နဲ့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းမှာ လူနေအိမ်မီးလောင်နေစဉ်။ ဓာတ်ပုံ - အမှတ်၄ရပ်ကွက် ရွှေပြည်သာအရန်မီးသတ်စခန်း

အောက်တိုဘာ-၈၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ အောက်တိုဘာ ၇ ရက်ညက ၁နာရီအတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ နဲ့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၈၅)ရပ်ကွက် ကျန်စစ်သားလမ်းမှာ ည ၇ နာရီ မိနစ်၂၀လောက်က မီးလောင်ခဲ့ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးနဲ့ မီးငြှိမ်းသတ်ခဲ့တယ်လို့ မီးသတ်ကထုတ်ပြန်ထားပါတယ်။

အဲဒီမီးလောင်မှုက ၁၅မိနစ်ခန့်သာ ကြာမြင့်ခဲ့တယ်လို့ မီးသတ်ကထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ည ၇နာရီခွဲ လောက်မှာလည်း ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ယောမင်းကြီးလမ်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး ၁၀ မိနစ်ကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။

ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းမှာ လူနေအိမ်မီးလောင်နေစဉ်။ ဓာတ်ပုံ – အမှတ် ၄ ရပ်ကွက် ရွှေပြည်သာအရန်မီးသတ်စခန်း

ဒါ့အပြင် ည၈ နာရီခွဲ အချိန်မှာတော့ ရွှေပြည်သာမြို့နယ် အမှတ် (၈) ရပ်ကွက် ရာဇာဓိရာဇ် လမ်းမှာ မီးလောင်မှုဖြစ်ခဲ့ပါတယ်။ ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က Level 1 အဆင့် မီးငြှိမ်းသာယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေကတော့ မီးသတ်ကားတော်တော်များများ လာရောက်မီးငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမီးလောင်မှုက နာရီဝက်ခန့်သာကြာမြင့်ခဲ့တယ်လို့ မီးသတ်ကထုတ်ပြန်ထားပေမယ့် ဒေသခံတွေကတော့ မီးသတ်ထုတ်ပြန်ချိန်မှာ မီးငြှိမ်းသတ်နိုင်တာ မဟုတ်ပဲ မီးထိန်းနိုင်တဲ့ အဆင့်သာရှိသေးတယ်လို့ မှတ်ချက်တွေရေးသားထားကြပါတယ်။

မီးလောင်မှု‌မှာ ခြေဖနောင့် ပြတ်ရှဒဏ်ရာရရှိတဲ့ အမျိုးသားတဦး နဲ့ မီးလောင်တဲ့ အိမ်ဘေးမှာ နေတဲ့ အိမ်က အမျိုးသားတစ်ဦး သတိလစ်မေ့မြောသွားတာကြောင့် ရှေ့ဦးသူနာပြုစုနည်းတွေနဲ့ ကူညီခဲ့ရတယ်လို့ အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ မျှဝေထားပါတယ်။

အထက်ပါမီးလောင်မှုတွေနဲ့ ပတ်သက်ပြီး မီးလောင်မှု အကြောင်းရင်း နဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကိုတော့ မီးသတ်ကထုတ်ပြန်ထားခြင်းမရှိပါဘူး။

ဆက်စပ်သတင်းများ