Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့အနီး လေကြောင်းတိုက်ခံရမှု ကလေးငယ်အပါအဝင် ၂ဦး သေဆုံး၊၁၀ဦးကျော် ဒဏ်ရာရ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့အနီးကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းတိုက်ခိုက်နေပြီး ‌အောက်တိုဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦး ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ အောက်တိုဘာက နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ရွှေညာမြေ

အောက်တိုဘာ-၉၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့အနီးကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းတိုက်ခိုက်နေပြီး ‌အောက်တိုဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦး ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၇ရက်က စတင်ပြီး ဒီကနေ့(အောက်တိုဘာ ၉ရက်)အထိ နွားထိုးကြီးမြို့ရဲ့ တောင်ဖက်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

မနေ့က နွားထိုးကြီးမြို့ရဲ့တောင်ဘက် မကျီးကုန်းရွာ လေကြောင်းတိုက်ခံရမှုမှာပွဲချင်းပြီး ပြည်သူ ၁ဦး သေဆုံးကာ ဆေးကုသ နေစဉ်မှာပဲ နောက်ထပ် ကလေးငယ်တဦး ထပ်မံသေဆုံးပြီး ကလေးတွေ အပါအဝင် ပြည်သူ ၁၀ဦး ကျော်ဒဏ်ရာရခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“နှစ်ဦး သေဆုံးတယ်။အသေးစိတ် တော့မသိရ သေးပါဘူး။ စစ်ရှောင်ပြည်သူ တွေနေတဲ့ နေရာကိုကြဲခဲ့တာပါ”လို့ ‌ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့မှာလည်း လေယာဉ်နှစ်စီးနဲ့ မြို့ တောင်ဘက်က ကျေးရွာတွေကို ဗုံးကြဲနေပြီး အထိအခိုက်ကို မသိရသေးဘူးလို့ သိရပါတယ်။

စက်တင်ဘာလနောက်ဆုံးပတ်ထဲမှာ နွားထိုးကြီးမြို့ရဲ့ တောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်အထိနာက ဒီကနေ့အထိ လေကြောင်းတိုက်ခိုက်တာ တွေပြုလုပ် နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။