Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့အနီး လေကြောင်းတိုက်ခံရမှု ကလေးငယ်အပါအဝင် ၂ဦး သေဆုံး၊၁၀ဦးကျော် ဒဏ်ရာရ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့အနီးကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းတိုက်ခိုက်နေပြီး ‌အောက်တိုဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦး ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ အောက်တိုဘာက နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ရွှေညာမြေ

အောက်တိုဘာ-၉၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့အနီးကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းတိုက်ခိုက်နေပြီး ‌အောက်တိုဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦး ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၇ရက်က စတင်ပြီး ဒီကနေ့(အောက်တိုဘာ ၉ရက်)အထိ နွားထိုးကြီးမြို့ရဲ့ တောင်ဖက်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

မနေ့က နွားထိုးကြီးမြို့ရဲ့တောင်ဘက် မကျီးကုန်းရွာ လေကြောင်းတိုက်ခံရမှုမှာပွဲချင်းပြီး ပြည်သူ ၁ဦး သေဆုံးကာ ဆေးကုသ နေစဉ်မှာပဲ နောက်ထပ် ကလေးငယ်တဦး ထပ်မံသေဆုံးပြီး ကလေးတွေ အပါအဝင် ပြည်သူ ၁၀ဦး ကျော်ဒဏ်ရာရခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ နှစ်ဦး သေဆုံးတယ်။အသေးစိတ် တော့မသိရ သေးပါဘူး။ စစ်ရှောင်ပြည်သူ တွေနေတဲ့ နေရာကိုကြဲခဲ့တာပါ” လို့ ‌ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့မှာလည်း လေယာဉ်နှစ်စီးနဲ့ မြို့ တောင်ဘက်က ကျေးရွာတွေကို ဗုံးကြဲနေပြီး အထိအခိုက်ကို မသိရသေးဘူးလို့ သိရပါတယ်။

စက်တင်ဘာလနောက်ဆုံးပတ်ထဲမှာ နွားထိုးကြီးမြို့ရဲ့ တောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်အထိနာက ဒီကနေ့အထိ လေကြောင်းတိုက်ခိုက်တာ တွေပြုလုပ် နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသမီး၂၀ကျော်ကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ခိုင်းခဲ့တဲ့ ဗိုလ်မှူးကျော်မင်း အပါအဝင် စစ်သား၂၀ကျော်ဟာ မလှိုင်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄) နဲ့ (၁၀) တပ်ရင်းမှူးက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ကနေ နွားထိုးကြီးမြို့ဘက်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လက်နက်တွေလည်း သိမ်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၇)၊ ZERO ပြောက်ကျား တပ်ဖွဲ့ဦးဆောင်သူ ကိုသက်ကြီးက ပြောပါတယ်။

သတင်း

မိုးကုတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၂၁ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ဦး သေဆုံးပြီး ပြည်သူ ၁၂ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်၊ လှိုင်သာယာမြို့မှာ စတိုးဆိုင်ထဲကို ဝင်ခိုးတယ်ဆိုတဲ့ သားအမိနှစ်ဦးကို ဆိုင်ရှင်က ဖမ်းဆီးပြီး ကြိုးတုပ်ထားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ဆိုင်ရှင်ရဲ့လုပ်ရပ်အပေါ် ဝေဖန်နေကြပါတယ်။