Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာစစ်တပ်ကလက်နက်ကြီးနဲ့ထပ်ပစ်လို့ စစ်ရှောင်လာတဲ့အဘွားအပါအဝင်အမျိုးသမီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငလုံးတင်ကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​ကြောင့် စစ်ရှောင်အဘွားအိုအပါအဝင် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။

​ချောင်းဦးမြို့နယ် ၊ဘုံတိုရွာကို စစ်တပ်သီတင်းကျွတ်လပြည့်ညက ပါရာ​မော်တာနဲ့ ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တပ်ဖွဲ့၊ချောင်းဦးမြို့နယ်

အောက်တိုဘာ-၁၁၊၂၀၂၅။ဇေအောင်/ People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငလုံးတင်ကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​ကြောင့် စစ်ရှောင်အဘွားအိုအပါအဝင် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၁၀ ရက် ည ၁၀ နာရီခန့်ကချောင်းဦးမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မြို့တောင်ဘက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။ အဲဒီပစ်ခတ်မှုကြောင့် ချောင်းဦးမြို့နယ်၊ ငလုံးတင်ကျေးရွာက နေအိမ်တလုံးပေါ် လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲပြီး စစ်လာရှောင်တဲ့ အသက် ၆၀ ကျော်အရွယ်အဘွားအိုနဲ့ ၅၀ အရွယ် အမျိုးသမီးတို့ သေဆုံးကာ အသက် ၁၁ နှစ်အရွယ် ကလေးငယ် မိန်းကလေးတဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ​တွေက ပြောပါတယ်။

“မိန်းမနှစ်ယောက်။တစ်ယောက်ကယာကြီးတောကစစ်ရှောင်အဘွားအို။အိမ်ရှင်မိန်းမကဖြစ်ဖြစ်ချင်းဆုံးတာ။စစ်ရှောင်အမေကြီးကနောက်မှဆုံးတယ်။ကလေးကတော့ အခုဆေးရုံမယ်”လို့ချောင်းဦးဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သီတင်းကျွတ်လပြည့်ညက စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သူတွေဆေးကုသနေမယ်ထင်ပြီး စစ်တပ်က ချောင်းဦးတောင်ဘက်ကရွာတွေကို လက်နက်ကြီးနဲ့ ထပ်မံတိုက်ခိုက်နေတာဖြစ်တယ်လို့ချောင်းဦးဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာတချို့ တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ သီတင်းကျွတ်လပြည့်ညကလည်း ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဆီမီးထွန်းနေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ