Connect with us

Hi, what are you looking for?

သတင်း

ကိုကိုးကျွန်းမှာတရုတ်တပ်တွေဖြန့်ကျက်ထားတာ မရှိဘူးလို့ အိန္ဒိယကို စစ်ကောင်စီ အာမခံထား

ကိုကိုးကျွန်းမှာတရုတ်တပ်တွေဖြန့်ကျက်ထားတယ်ဆိုတာလုံးဝမဟုတ်ကြောင်း မြန်မာစစ်တပ်က အိန္ဒိယကို အာမခံခဲ့တယ်လို့ သိရပါတယ်။

ကိုကိုးကျွန်းကို အ​ပေါ်စီးက​တွေ့ရစဥ်

■ကျွန်း​ပေါ် ကို အိန္ဒိယရေတပ်ကသွားရောက်စုံစမ်းခွင့်ရရေးတောင်းဆို ချက်ကိုစစ်​ကောင်စီ လက်မခံ

​အောက်တိုဘာ-၁၁၊၂၀၂၅။People’s Spring

ကိုကိုးကျွန်းမှာတရုတ်တပ်တွေဖြန့်ကျက်ထားတယ်ဆိုတာလုံးဝမဟုတ်ကြောင်း မြန်မာစစ်တပ်က အိန္ဒိယကို အာမခံခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် နေပြည်တော်မှာရှိတဲ့စစ်ကောင်စီရဲ့အာဏာပိုင်တွေကကိုကိုးကျွန်းပေါ် အိန္ဒိယ ရေတပ်ရဲ့ လေ့လာရေး အဖွဲ့တစ်ခု သွားရောက်ပြီး အခြေအနေကို အတည်ပြုခွင့်ရဖို့ အိန္ဒိယ အစိုးရဆီက တောင်းဆိုထားမှုကိုတော့ လိုက်လျောမှု မရှိသေးဘူးလို့အိန္ဒိယမီဒီယာတွေကဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားပင်လယ်အော်ထဲမှာတည်ရှိနေတဲ့ကိုကိုးကျွန်းဟာအိန္ဒိယပိုင်လန်းဖောကျွန်းနဲ့ မိုင် ၁၀၀ နီးပါးသာ ဝေးပါတယ်။

ပြီးခဲ့တဲ့လတုန်းကစစ်ကောင်စီဟာ ဧည့်သည် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ရာဂျက်ရှ် ကူးမား ဆင်းကို ကိုကိုးကျွန်းမှာ တရုတ်စစ်တပ် ဖြန့်ကျက်မှု လုံးဝ မရှိဘူး ဆိုတာကို အခိုင်အမာ အာမခံ ပြောဆိုခဲ့တယ်လို့ အိန္ဒိယသတင်းဌာနဖြစ်တဲ့ Hindustan Times သတင်းစာက ဆိုပါတယ်။

တရုတ်ဟာ ဒေသတွင်း ပြိုင်ဘက် တရုတ်က နိုင်ငံကမ်းလွန် ရေပြင်တဝိုက်မှာအခြေစိုက်စခန်းတွေ၊ ရေဒါစခန်းတွေ တည်ဆောက်မှာကို အထူးစိုးရိမ်နေပါတယ်။

တရုတ်ဟာစစ်ကောင်စီနဲ့အရမ်းနီးကပ်တဲ့ဆက်ဆံရေးရှိနေပြီးအာဏာ သိမ်းမှုနောက်ပိုင်းစစ်ကောင်စီကိုငွေကြေး၊သံတမန်ရေးအကူအညီ တွေ ပေးနေခဲ့ပါတယ်။

ဆင်းဟာစက်တင်ဘာလကုန်ပိုင်းတုန်းက အစည်းအဝေးတစ်ခုတက်ရောက်ဖို့နေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ဗိုလ်ချုပ် ကျော်ကိုထိုက် အပါအဝင် အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီက ကိုကိုးကျွန်းမှာ တရုတ်ရဲ့ စစ်ရေး အခြေစိုက်မှု လုံးဝ မရှိပါဘူးလို့ ဆင်းကို ပြောခဲ့ပေမယ့်လည်း အိန္ဒိယ ရေတပ်က သွားရောက် စုံစမ်းခွင့် ရရေး တောင်းဆိုချက်ကိုတော့ လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ကိုကိုးကျွန်းမှာသာတရုတ်ကရေဒါစနစ်တွေတပ်ဆင်အခြေစိုက်ခွင့် ရခဲ့မယ်ဆိုရင်ဒေသတွင်းကအိန္ဒိယရေတပ်လှုပ်ရှားမှုတွေ၊ ဒုံးကျည်စမ်းသပ်မှုတွေကိုထိထိရောက်ရောက်ခြေရာခံထောက်လှမ်းနိုင်စွမ်းရှိနေမှာကို အိန္ဒိယက စိုးရိမ်နေတာ ဖြစ်ပါတယ်။

ကိုကိုးကျွန်းမှာ တရုတ်စစ်တပ်တွေ ရှိနေတယ် ဆိုတာကို အိန္ဒိယ အနေနဲ့ အတိအကျ အတည်ပြုနိုင်တာမျိုး မရှိပေမယ့် ဂြိုဟ်တုမှတ်တမ်းတွေအရ အဲဒီကျွန်းပေါ်မှာပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အခြေခံ အဆောက်အအုံ ပရောဂျက်တွေသိသိသာသာ များပြား ချဲ့ထွင်လာတယ်လို့တော့ မှတ်ချက်ပေးထားပါတယ်။

ထောက်လှမ်းရေး အချက်အလက်တွေအရ ကိုကိုးကျွန်းမှာသယ်ယူပို့ဆောင်ရေးလေယာဉ်တွေအတက်အဆင်း လုပ်နိုင်မယ့် လေယာဉ် ပြေးလမ်းတစ်ခု တိုးချဲ့ တည်ဆောက်ထားသလို စစ်သည်အင်အား ၁,၅၀၀ လောက်ထိ ဖြန့်ကျက်ထားနိုင်မယ့်တန်းလျားတွေ၊ အဆောက်အအုံတွေ တည်ဆောက်ထားတယ်လို့လည်းသိရပါတယ်။

ကိုးကား-Hindustan Times

ဆက်စပ်သတင်းများ