Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်-မန္တလေးလမ်းကို စစ်တပ်ကတိုက်ခိုက်နေလို့ လမ်းယာယီပိတ်

မန္တလေးတိုင်း၊မိုးကုတ်-မန္တလေးလမ်းပေါ်ကဖော့တောလမ်းပိုင်းကို စစ်တပ်က တိုက်ခိုက်နေလို့ လမ်းကို ယာယီပိတ်ထားလိုက်ကြောင်း မိုးကုတ်ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မန္တ​လေး-မိုးကုတ်လမ်းပိုင်းတ​နေရာမှာ အိမ်စီးကားနဲ့ ခရီးသည်တင်ကား​တွေကို ၂၀၂၃ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-CJ

အောက်တိုဘာ-၁၁၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊မိုးကုတ်-မန္တလေးလမ်းပေါ်ကဖော့တောလမ်းပိုင်းကို စစ်တပ်က တိုက်ခိုက်နေလို့ လမ်းကို ယာယီပိတ်ထားလိုက်ကြောင်း မိုးကုတ်ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာဒုတိယပတ်အတွင်း ကာကွယ်ရေးအဖွဲ့တွေစိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းက ဖော့တောလမ်းပိုင်းကို စစ်တပ်က Y12 တွေ ၊ဒရုန်းတွေ သုံးပြီး နှစ်ရက်ဆက်တိုက် ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ဒါ့ကြောင့် ခရီးသွားပြည်သူတွေ ထိခိုက်မှာ စိုးရိမ်တဲ့အတွက်အောက်တိုဘာ ၁၁ ရက်မနက်က စတင်ပြီး ယာယီပိတ်ထားလိုက်ကြောင်း မိုးကုတ်မြို့နယ် ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လမ်းပိုင်းတခုလုံးကိုလည်း စုတ်ပြတ်သက်အောင် တိုက်ခိုက်ထားတာတွေ ကြုံနေရတယ်။ ခရီးသွားပြည်သူတွေ ဒီရက်ပိုင်းအတွင်းမှာ ထိခိုက်သေဆုံးတာတွေ၊ အပြစ်မဲ့ ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်နေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေထပ်ပြီးဆုံးရှုံးမှုမဖြစ်ရလေအောင်လောလောဆယ်ဆယ် ယာယီအနေနဲ့ ခေတ္တခဏ ပိတ်ထားတာပါ။”လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

လမ်းပိုင်း ပိတ်လိုက်တဲ့အတွက် မိုးကုတ်-မန္တလေးလမ်း နေရာတချို့မှာကားအစီးရေများစွာပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တံတားကြီးဂိတ်ရော၊ကျပ်ပြင်ဂိတ်ရောပိတ်ထားတာ။တံတားကြီးမှာတောင်ခုကားတွေ အများကြီးပဲ ပေးမဖြတ်ဘူး။”လို့ ဒေသခံတဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစပြီး တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက်က မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနယ်အတွင်းက နယ်​မြေတွေကို စစ်တပ်က ပြန်လည်ရရှိဖို့ ကြိုးစားနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု​တွေကို အဓိကပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ