Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးရဲစခန်း တိုက်ခိုက်မှု စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ရဲစခန်းကို လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုတွေရှိကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ-၁၁၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ရဲစခန်းကို လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုတွေရှိကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁ဝ ရက် မနက် ၇ နာရီ ၁ဝ မိနစ်ခန့်က ချောင်းဦးမြို့ရဲစခန်းအတွင်းသို့ ၆၀မမ ဗုံးသီး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားဂိုဒေါင်ကို ထိရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဲဒီနောက် မနက် ၉နာရီခန့်မှာလည်း ဒရုန်းနဲ့ ဗုံးသီးချ ထပ်မံတိုက်ခိုက််ခဲ့ကြောင်း ချောင်းဦးပကဖ တိုက်ခိုက်ရေးတပ်က အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ တပ်သား ၅ဦးသေဆုံးကာ ၁ဦး ဒဏ်ရရှိခဲ့ပြီး သေဆုံး ၁ ဦးရဲ့ရုပ်အလောင်းကို မုံရွာနမခထဲသယ်သွားတယ်လို့ ချောင်းဦးပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ခိုက်တဲ့နေ့က တပြိုင်တည်းတိုက်တာပါ။ သေဆုံးတာ စုံစမ်းဆဲဖြစ်နေလို့ ဒီနေ့မှထုတ်ပြန်တာပါ။”လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ BLDF(LPDF )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်ကပဲ ချောင်းဦး PDF နဲ့တော်လှန်ရေးအဖွဲ့တွေဟာ မုံရွာ-မန္တလေးလမ်းပေါ်က ကင်းစောင့်နေတဲ့စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဆီမီးထွန်းနေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

မနေ့က အောက်တိုဘာ ၁၀ ရက် ညကလည်း ချောင်းဦးမြို့နယ်၊ ငလုံးတင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်

ဆက်စပ်သတင်းများ