Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသင်တန်းကျောင်းက တပ်သားသစ် ၄ဦး KNDOဆီ အလင်းဝင်

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အမှတ်(၁၂) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းက ထွက်ပြေးလာတဲ့ တပ်သားသစ် ၄ဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အမှတ်(၁၂) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းက ထွက်ပြေးလာတဲ့ တပ်သားသစ် ၄ဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ သင်တန်းကျောင်းက တပ်သားသစ် ၃ဦးဟာ အောက်တိုဘာ ၅ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)၊KNDO တပ်ရင်း(၇)ဆီကို လက်နက်မဲ့ အလင်းဝင်လာလာပြီး အောက်တိုဘာ ၈ရက်မှာလည်း နောက်ထပ်တဦး လက်နက်မဲ့ အလင်းဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူ လေးဦးလုံးဟာ စစ်ကောင်စီတပ် အဓမ္မစုဆောင်းပြီး စစ်သင်တန်း တက်နေရသူတွေဖြစ်ပြီး လေ့ကျင့်ရေးသင်တန်းကနေ ထွက်ပြေးလာတာ ဖြစ်ကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကလည်း တိုင်းဗဟို(၁၂)ကနေ အဖွဲ့လိုက် ထွက်ပြေးပြီး KNLA တပ်မဟာ(၄)ဆီကို အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ရက်က တိုင်းဗဟို (၁၂)က စစ်မှုထမ်း တပ်သားသစ် ၇ဦးဟာ KNDO တပ်ရင်း(၇) တပ်ခွဲ(၅)ဆီကို လက်နက်မဲ့ အလင်းဝင် ခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်ထဲက တပ်သားတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီကို ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ပူးပေါင်းကြဖို့လည်း KNU မြိတ်-ထားဝယ်ခရိုင်က ထပ်လောင်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ