Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး မန္တလေး၊စစ်ကိုင်းနဲ့ တနင်္သာရီမှာ ဆန္ဒပြ

မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်၊ ရွာပေါင်းစုံသပိတ်

အောက်တိုဘာ-၁၁၊၂၀၂၅။ သုည/People’s Spring

မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် တနေရာမှာ သပိတ်ဦးဆောင်သူတွေက “ အတုအယောင်ရွေးကောက် ခွေးထွက်ပေါက် တော်လှန်အလင်းနဲ့သပိတ်မှောက်” စာသားကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းဟာ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်စစ်ရွေးကောက်သပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” ၊ “ ဓမ္မကိုပူဇော်အားဓမ္မကိုလောင်ကျွမ်း” ၊ “ OurAmbassador MyanmarsVOice” စာသားတွေနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီမြို့နယ် တနေရာမှာလည်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ “ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့” စာသားပါဘန်နာကိုင်စွဲပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန်ကျင်ရေးသပိတ်လှုပ်ရှားမှုနဲ့ နိုင်ငံရေးအသိပညာ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ