Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲ လေး လကြာပြင်းထန်နေလို့ စစ်ရှောင်ပြည်သူတွေ အကူအညီလိုနေဟု KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေဘေးကင်းလုံခြုံရာတိမ်းရှောင်နေကြရပြီးအကူအညီတွေလိုအပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနက အောက်တို ဘာ၁၁ရက် ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

ဖားကန့်မြို့နယ် မလန်းရွာကို အောက်တိုဘာ ၉ရက်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - Padang Nsen

အောက်တိုဘာ ၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေဘေးကင်းလုံခြုံရာတိမ်းရှောင်နေကြရပြီးအကူအညီတွေလိုအပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနက အောက်တို ဘာ၁၁ရက် ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

KIA တပ်မဟာ(၉) အမှတ်(၆)တပ်ရင်းနယ်မြေအတွင်းစစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာလို့ အောက်တိုဘာလအတွင်း တိုက်ပွဲတွေ ပိုပြင်းထန် လာကြောင်း အသိပေးခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု အခြေအနေတွေကိုလည်း ဖော်ပြခဲ့တာပါ။

ဖားကန့်မြို့နယ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၉ရက် ၊ အောက်တိုဘာ ၁၀ရက် တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သလို ဖားကန့်တပ်မကုန်းကလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဇွန်လကနေ စစ်အင်အားတိုးချဲ့တာ ၊ ရမ်းသမ်းပစ်ခတ်တာ လေယာဉ်ဗုံးကြဲတာကြောင့် KIA ပူးပေါင်းတပ်နဲ့ တိုက်ပွဲ ၄လကြာ ပြင်းထန်ခဲ့ကြောင်း၊ဒေသခံ ပြည်သူတွေ လုံခြံရာထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အကူအညီများလိုအပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် KIA သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကိုလည်းအခုရက်ပိုင်းမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တယ်လို့ဆိုပါတယ်။

လန်ဆယ်ဒေသကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၀ရက် မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာလအတွင်းကလည်း လန်ဆယ်ဒေသကို စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူသေဆုံးထိခိုက်ရှိခဲ့ပါတယ်။

KIAနဲ့ စစ်ကောင်စီတပ်ဟာ ဗန်းမော်နဲ့ဝိုင်းမော်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပြီး ဝိုင်းမော်က စစ်ကောင်စီတပ်စွဲရာနေရာအချို့၊ ဗန်းမော်က စစ်ကောင်စီတပ်စွဲရာနေရာအချို့ကိုKIA ပူးပေါင်းတပ်ကအခု အောက်တို ဘာလအတွင်းမှာ တိုက်ခိုက်သိမ်းယူထားနိုင်ပါတယ်။

ဆက်စပ်သတင်းများ