Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ​တွေက BC လုပ်ထားလို့ ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

စစ်တပ်​ကိုထောက်ခံပြီး စစ်တပ်ကိုကူညီခဲ့တဲ့ ဒိန်း​ဒေါင်ကို စစ်ကာင်စီ ​ပြောခွင့်ရ ဗိုလ်ချုပ် ​ဇော်မင်းထွန်းကဆုချီးမြှင့်စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

အောက်တိုဘာ-၁၂၊၂၀၂၅။တိုးနေဝင်း/People’s Spring

ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာတွေ မရှိတော့လို့ ထိုင်စောင့်နေရကြောင်းပြည်သူတွေကသပိတ်​မှောက် (BC-boycott)ထားတဲ့ စစ်တပ်ထောက်ခံသူ ဟာသလူရွှင်တော် ဒိန်းဒေါင်ကပြောပါတယ်။

အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီကိုထောက်ခံခဲ့ပြီး စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေ၊ ဝါဒဖြန့်ဖျော်ဖြေပွဲတော်တွေမှာ လုပ်ကိုင်ပေးခဲ့တဲ့ ဟာသလူရွှင်တော်ဒိန်းဒေါင်ဟာ ပွဲငှားရော ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေပါ ခေါ်ယူတာတွေ မရှိတော့လို့ စောင့်မျှော်နေရကြောင်း NSS Youtube channel မှာ ဖြေဆိုထားတာတွေ့ရပါတယ်။

“ ပွဲငှားတွေနည်းသွားတယ်။ ဇာတ်ကားတွေလည်း မရိုက်ရဘူး။ ရင်ထဲကခံစားချက်လေးပေါ့။ တချို့တွေ ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာတွေလည်းရှိတယ်။ နံပါတ် ၁

Public Service Announcement

Public Service Announcement

မရိုက်ရခြင်းအကြောင်းရင်းပေါ့။” လို့ ဒိန်းဒေါင်က ပြောပါတယ်။

ယခင်က စစ်ကောင်စီရဲ့ တိုင်းရုံးတွေ၊ ဌာနဆိုင်ရာတွေမှာ ၂၀၂၃ ခုနှစ်လောက်အထိ ဖျော်ဖြေခဲ့ရ​ပေမယ့် ၂၀၂၄ ခုနှစ် ကစပြီး ဒီကနေ့အထိ ငှားရမ်းတာတွေ မရှိတော့ဘူးလို့ ဒိန်းဒေါင်က ငြီးတွားပါတယ်။မြဝတီရုပ်မြင်သံကြားမှာ တနှစ်တကြိမ်လောက်သာ ရိုက်ရပြီး မြန်မာ့ရုပ်မြင်သံကြားမှာတော့ တကြိမ်ပဲ ရိုက်ရသေးတယ်လို့လည်း သူကဆက်​ပြောပါတယ်။

“ တဘက်ကမငှားရင်တဘက်ကတော့ငှားသင့်တယ်လေ သိတယ်မလား နှစ်ဖက်ထဲရှိတာကိုး အဲဒီတော့ ဟိုဘက်ကလည်းမငှားဘူး။ ဒီဘက်ကလည်းမငှားဘူး။ဟိုဘက်မှာလည်း မရိုက်ရဘူး။ ဒီဘက်မှာလည်း မရိုက်ရဘူး။ ကြားထဲက ငုတ်တုပ်မေ့တာပေါ့။” လို့ ဒိန်းဒေါင်က ပြောပါတယ်။

ဒါ့ကြောင့် ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာကို စောင့်နေရပြီး စစ်ကောင်စီအနေနဲ့လည်း အရင်ကလို တိုင်းပွဲတွေ၊ ဌာနဆိုင်ရာပွဲတွေမှာ ခေါ်ပေးဖို့ဆိုပြီး ဒိန်းဒေါင်က တောင်းဆိုထားပါတယ်။

စစ်တပ်​က ​ရွေး​ကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုနဲ့ ဖြုတ်ချပြီး အဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ ပြည်သူ​တွေက စစ်တပ်ကို​ထောက်ခံတဲ့၊ စစ်တပ်နဲ့ နီးစပ်တဲ့ လူပုဂ္ဂိုလ်​ ၊အဖွဲ့အစည်း​​တွေကို သပိတ်​မှောက်တာ ၊လူမှု​ရေးပစ်ဒဏ်ခတ်တာ​တွေကို လုပ်ခဲ့ကြပါတယ် ။ပြည်သူ​တွေရဲ့ သပိတ်​မှောက်တာ ၊လူမှု​ရေးပြစ်ဒဏ်ခတ်တဲ့အထဲ အနုပညာရှင်​တွေလည်းပါဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းကာလ ကြာရှည်လာတဲ့အခါ ပြည်သူ​တွေရဲ့ သပိတ်​မှောက်တာ ၊လူမှု​ရေးပြစ်ဒဏ်ခတ်တာ အရင်ကနဲ့စာရင် ​လျော့နည်းလာ​ပေမယ့် သပိတ်​မှောက်တာ ၊လူမှု​ရေးပြစ်ဒဏ်ခတ်တာ​တွေဆက်လုပ်​နေကြဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ