Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတိုက်ပွဲအတွင်း KNPDPက ရဲဘော်ဂျေရုန်း ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့တိုက်ပွဲအတွင်းမှာ ရှေ့တန်းစစ်မြေပြင်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီပြည်ဝံပုလွေစစ်ကြောင်း(KNPDP)တပ်ရင်း-၃ က ဒီကနေ့ (အောက်တို ဘာ၁၂ရက်)မှာ ထုတ်ပြန်ပါတယ်။

ဒီမော့ဆိုမြို့ရှေ့တန်းစစ်မြေပြင်တနေရာမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်ဂျေရုန်းရဲ့ နာရေးအခမ်းအနားလုပ်နေစဉ်။ ဓာတ်ပုံ - KNPDP

အောက်တိုဘာ-၁၂ ၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့တိုက်ပွဲအတွင်းမှာ ရှေ့တန်းစစ်မြေပြင်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီပြည်ဝံပုလွေစစ်ကြောင်း(KNPDP)တပ်ရင်း-၃ က ဒီကနေ့ (အောက်တို ဘာ၁၂ရက်)မှာ ထုတ်ပြန်ပါတယ်။

ဒီမော့ဆိုမြို့ရှေ့တန်းစစ်မြေပြင်တနေရာမှာ စစ်ကောင်စီတပ်နဲ့ အပြန်အလှန်တိုက်ခိုက်ရင်း အောက်တိုဘာ ၉ ရက်က KNPDPရဲ့ တပ်ရင်းအမှတ်(၃)က ရဲဘော်ဂျေရုန်း (ခ)မာခို့ဒူမိကယ် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“ ဒီးမော့ဆို -ဖရူဆို လမ်းပိုင်းနားက ခေါက်ပလော့ရွာမှာ ကျသွားတာလို့ သိရတယ်။အဲဒီမှာတော့ တိုက်ပွဲတွေက ဆက်တိုက်နီးပါးပါပဲ” လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တာဝန်ထမ်းဆောင်တဲ့နေကစပြီး နောက်ဆုံးအချိန်ထိ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်ခဲ့တယ်လို့ ရဲဘော်ဂျေရုန်းနဲ့ပတ်သက်လို့ KNPDP က အသိပေးပါတယ်။

“ ဒီးမော့ဆိုမှာက စစ်ကြောင်းသုံးခုလောက်ခွဲထိုးနေတာ။မြို့ဘက်တခြမ်း နဲ့ မြို့ဘက်ကနေ ဒေါငံခါး ကုန်းသာဘက်စစ်ကြောင်း ၊ ဖရူဆို တစ်ဝိုက် စစ်ကြောင်းတစ်ကြောင်း ။တိုက်ပွဲက နေ့တိုင်းလိုလို ပုံမှန်ရှိတယ်” လို့ မြေပြင်ရဲဘော်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ထိုးစစ်မှာ ခြေလျင်၊ခြေမြန် တပ်တွေဖြစ်တဲ့ ခလရ(၉)၊(၁၀၂) နဲ့ ခမရ(၅၁၈)တပ်ရင်း သုံးခုကို သုံးထားတယ်လို့ အခုလဆန်းပိုင်းက KNDF ဆီခိုလှုံလာတဲ့ စစ်မှု ထမ်း တပ်သားက ထွက်ဆိုထားပါတယ်။

အဲဒါအပြင် ဒီး​မော့ဆိုတိုက်ပွဲမှာ စစ်မှုထမ်းတပ်သားသစ်တွေ​အပြင် တပ်ကြပ်ကြီးအဆင့်ရှိသူတွေ သေဆုံးမှုများနေတယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီက သြဂုတ်လကစပြီး ဒီးမော့ဆိုမြို့ပေါ်ကို ထိန်းချုပ်ပြီးတဲ့နောက် ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက် စစ်ကြောင်းဆက်ထိုးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်၊ဖရူဆို မြို့နယ် ပတ်ဝန်းကျင်ဒေသတွေကို စစ်ကောင်စီတပ်က သာလွန် အင်အား၊လက်နက်ကြီး၊လေကြောင်းတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။

“ စစ်ရေးတင်မာနေတယ်။ထိတွေ့မှုတွေက နေ့တိုင်း အနည်းနဲ့အများ ပုံမှန်ဖြစ်နေတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီးမော့ဆို နဲ့ ဖရူဆို လမ်းမကြီးပေါ် တိုက်ပွဲမှာ စစ်ကောင်စီယာဥ်တန်းက စစ်ကားတစ်စီးဖျက်ဆီးနိုင်ခဲ့ပြီး အရာရှိအဖြစ် ယူဆရသူအချို့ သေဆုံးခဲ့တယ်လို့ KNDFက အောက်တိုဘာ ၆ ရက်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ