အောက်တိုဘာ-၁၂၊၂၀၂၅။သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဆီမီးသပိတ်မှာကျဆုံးခဲ့တဲ့ ကျောင်းသားပြည်သူတွေအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၁၂)မှာ ထပ်မံပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းဟာ ဒေသတွင်း သပိတ်အင်အားစုတွေနဲ့ ပူးပေါင်းပြီး ချောင်းဦးမြို့နယ် ဆီမီးသပိတ်မှာ ကျဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်း ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ ချောင်းဦးမြို့နယ်ဘုံတိုရွာမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့ပြည်သူတွေ၊ ရဲဘော်တွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင်စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲကို ပြည်သူတွေက အယုံကြည်မရှိလက်မခံကြောင်းပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို လမ်းမတွေပေါ်တက်ပြီး ထုတ်ဖေါ်ပြသခဲ့ကြပါတယ်။ဒီပဲယင်းမြို့နယ်မှာလည်း သွေးသစ်သပိတ်ကော်မတီမှ ဦးဆောင်ကာ တော်လှန်ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်မီးသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။
ချောင်းဦးမြို့နယ်နဲ့ မုံရွာအမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ ပူးပေါင်းပြီး ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တဲ့သီတင်းကျွတ်ဆီမီးသပိတ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျဆုံးခဲ့ရတဲ့ သပိတ်ဦးဆောင်သူတွေနဲ့ ပြည်သူတွေကို အလေးနီပြုလျက် တော်လှန်ရေးအောင်မြင်တဲ့အထိ ရွပ်ရွပ်ချွံချွံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သွေးသစ်သပိတ်ဦးဆောင်ကော်မတီက ကတိသစ္စာပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကိုင်းတိုင်းချောင်းဦးမြို့နယ် ညောင်ပင်သာအုပ်စု ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က ပါရာမော်တာတပ်နဲ့ ဗုံးကြဲချခဲ့ရာ အရပ်သားပြည်သူ ၂၈ဦးသေဆုံးပြီး ၄၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။




















































