Connect with us

Hi, what are you looking for?

သတင်း

NUG ပြည်ထဲရေးရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့သင်တန်းဆင်း၊ လက်နက်တပ်ဆင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS) အပါတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စစ်ကိုင်းတိုင်း NUG စိုးမိုးနယ်မြေတနေရာမှာစက်တင်ဘာ၂၆ ရက်က ကျင်းပခဲ့ကြောင်း ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓါတ်ပုံ-NUG ၊ပြည်ထဲ​ရေး

အောက်တိုဘာ-၁၂ရက်၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS) အပါတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စစ်ကိုင်းတိုင်း NUG စိုးမိုးနယ်မြေတနေရာမှာစက်တင်ဘာ၂၆ ရက်က ကျင်းပခဲ့ကြောင်း ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အခုသင်တန်းဟာစစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ချေမှုန်းနိုင်ဖို့ ရည်ရွယ်ပြီးပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလမ်းညွှန်မှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းကာလမှာနှစ်လခွဲ ကြာမြင့်ခဲ့တယ်လို့​ဖော်ပြပါတယ်။

သင်တန်းဆင်းပွဲကိုပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နဲ့ တာဝန်ရှိသူတွေ အွန်လိုင်းက တက်ရောက်ခဲ့ပြီး ဝန်ကြီး ဦးလွင်ကိုလတ်က သင်တန်းနဲ့ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

SOSတပ်ဖွဲ့ဟာပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ပြီး အရေးကြီးတဲ့ စစ်ဆင်ရေးဆိုင်ရာ ပစ်မှတ်တွေကို တာဝန်ယူဖို့ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

အရေးကြီးဆုံးအချက်ကအရေးကြီးသော စစ်ဆင်ရေးတွေတာဝန်ယူတဲ့အခါရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ပူးပေါင်းဆောင်ရွက်မှုကောင်းမှသာ အောင်ပွဲရနိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားပြီး ဝန်ကြီးဌာန အနေဖြင့်လည်း သာမန်ရိုးကျစစ်ပွဲတွေကို ပူးပေါင်ဆောင်ရွက်နေတာရှိသလိုသာမန်ရိုးကျမဟုတ်သောစစ်ပွဲတွေမှာလည်း SOS တပ်ဖွဲ့က ကိုယ်တိုင် တာဝန်ယူဆောင်ရွက်ရမယ့်စစ်ဆင်ရေးတွေ ရှိလာမှာဖြစ်တယ်လို့ အသိပေးပါတယ်။

ရဲဘော်တွေအနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ ကိုခေါင်းထဲ ထည့်ဖားဖို့ နဲ့ ရဲဘော်တွေအချင်းချင်း ရဲဘော်ရဲဘက် စိတ်ထားရှိဖို့၊ အမိန့်နာခံမှု အားကောင်းတဲ့ တပ်ဖွဲ့ဖြစ်အောင် ကြိုးစားဖို့ ဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားခဲ့ပါတယ်။

အခုသင်တန်းမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက သင်တန်းသားတွေကို စိစစ်ရွေးချယ်သင်ကြားပေးခဲ့တာလို့အောက်တိုဘာ ၁၁ရက်​နေ့ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။

ဒါ့အပြင်ဝန်ကြီးဌာနရဲ့အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တဲ့ပစ်မှတ်ဆိုင်ရာထောက်လှမ်းရေးသင်တန်းအပတ်စဉ်( ၂ ) သင်တန်းဆင်းပွဲ ကိုလည်း စက်တင်ဘာ ၂၅ရက်က စစ်ကိုင်းတိုင်း NUG စိုးမိုးတနေရာမှာ ကျင်းပခဲ့တယ်လို့ ပြည်ထဲရေးကသတင်းထုတ်ပြန်ပါတယ်။

ထောက်လှမ်းရေး အဖွဲ့ဖြစ်လို့ ခြေသံလည်းလုံဖို့လိုသလို လေသံလည်းလုံဖို့ အရေးကြီးကြောင်း ဝန်ကြီးက ပြောကြားခဲ့ပြီး စစ်ကောင်စီ ရွေးကောက်ပွဲတွေကို အဓိက ဦးဆောင် ဆောင်ရွက်နေတဲ့ သူတွေကို ထောက်လှမ်းရေးဘက်က Pattern of Life ရအောင်လိုက်ဖို့လိုမှာကြားခဲ့ပါတယ်။

ပစ်မှတ်ဆိုင်ရာထောက်လှမ်းရေးသင်တန်း အပတ်စဉ် ( ၂ ) ဟာ စစ်ကောင်စီ ရဲ့ လည်ပတ်နေတဲ့ စစ်ယန္တရားကို တိုက်ခိုက်ဖျက်စီးချေမှုန်းနိုင်ဖို့ အဓိက လိုတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ စနစ်တကျ စုံးစမ်းထောက်လှမ်းရယူနိုင်ဖို့ ပြုလုပ်တဲ့ သင်တန်းဖြစ်ပြီး သင်တန်းကာလ ၂လ ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ